ပန်ခမ်း တိုင်းရင်းသားလက်နက်ကိုင်ထိပ်သီးအစည်းအဝေး (သတင်းဓာတ်ပုံ)
DVB
·
February 23, 2017
တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ခေါင်းဆောင်တွေရဲ့ တတိယအကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးကို ဖေဖော်ဝါရီ ၂၂ ရက်ကနေ ၂၄ ရက်ထိ အထူးဒေသ (၂) ၀ပြည် သွေးစည်းညီညွတ်ရေးပါတီ ဌာနချုပ်ရှိရာ ပန်ခမ်းမြို့မှာ ကျင်းပနေပါတယ်။
ဒီအစည်းအဝေးမှာ ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံနဲ့ ပတ်သက်တဲ့ သဘောထား အမြင်တွေ ရပ်တည်ချက်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ထိပ်သီးအစည်းအဝေးကျင်းပတဲ့ အတွင်းရေးမှူးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဒီအစည်းအဝေးမှာ ကေအိုင်အေ၊ အမ်အန်ဒီအေအေ၊ အေအေ၊ တီအန်အလ်အေ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ် ၃၀ကျော်တက်ရောက်ခဲ့ပြီး မွန်ပြည်သစ်ပါတီနဲ့ ကေအန်ပီပီတို့ကတော့ ကိုယ်စားလှယ်စေလွှတ်ခြင်း မရှိဘဲ စာတမ်းတွေ တင်သွင်းခဲ့ပါတယ်။