Home
မြန်မာသတင်း
လဲချားတွင် ခဲယမ်းမီးကျောက်များ ဖျက်ဆီးနေသဖြင့် ဖြတ်သန်းသွားလာမှု ယာယီပိတ်ပင်
DVB
·
February 23, 2017
ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ်ထဲမှာ ခလရ ၆၄ နဲ့ ခမရ ၅၁၅ အစိုးရတပ်က မကောင်းတော့တဲ့ ခဲယမ်းဗုံးသီးအဟောင်းတွေကို ဖျက်ဆီးနေတာကြောင့် ပြည်သူတွေ ဖြတ်သန်း သွားလာမှု ကန့်သတ်ထားပြီး အထိတ်တလန့်မဖြစ်ကြဖို့ ကြိုတင်သတိပေးထားပါတယ်။ ခဲယမ်းမီးကျောက်ဖျက်ဆီးစဉ် ပြည်သူတွေ ထိခိုက်မှာစိုးတာကြောင့် စစ်ပစ်ကွင်းနဲ့အနီးတ၀ိုက် ဖြတ်သန်းသွားလာခြင်းမပြုဖို့ ပိတ်ပင်ထားကြောင်း၊ လမ်းတွေလည်း ယာယီပိတ်ထားပြီး ကိစ္စပြီးရင် ချက်ချင်းပြန်ဖွင့်မယ်လို့ လဲချားမြို့နယ်ရဲစခန်း တာဝန်ကျ ဒုရဲအုပ် ကိုစိုင်းက ဒီဗွီဘီကို ပြောပါတယ်။ “တပ်မတော်က သူတို့လက်နက်ခဲယမ်းအဟောင်းတွေကို ဖျက်ဆီးမှာ၊ အဲဒါ ၅၁၅ တပ်ရင်း အနောက်က စစ်ပစ်ကွင်းမှာ ဖျက်ဆီးမှာဖြစ်တယ်။ ဒီနေ့ဘဲ၊ အခုကလေးတွေ စာမေးပွဲစစ်နေတယ်။ စာမေးပွဲ ခဏစောင့်နေတာ၊ ခဏလေးနေ စတော့မှာ၊ ဘယ်တော့ပြီးမလဲ မသိဘူး။ မကြာဘူးလို့ ထင်ပါတယ်။ ကြာလှ တစ်နာရီလောက်ပေါ့။” လဲချားမြို့နယ်ရှိ ပြည်သူတွေ အထိတ်တလန့်မဖြစ်ဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်ကတည်းက သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးရုံးကိုလည်း ကြိုတင်သတိပေးစာတွေ ပို့ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါ တယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024