အသံထက်မြန်သည့် တိုက်လေယာဉ်များ လေ့ကျင့်ပျံသန်း
DVB
·
February 23, 2017
အသံထက်မြန်တဲ့ တိုက်လေယာဉ်တွေ လေ့ကျင့်ပျံသန်းမှာဖြစ်လို့ မိတ္ထီလာ၊ မလှိုင်နဲ့ တောင်တွင်းကြီးမြို့နေ ဒေသခံတွေ ထိတ်လန့်တကြား မဖြစ်ကြပါနဲ့လို့ အုပ်ချုပ်ရေးဌာနတွေက အသိပေးထားပါတယ်။
မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးငွေဒိုးက လေတပ်ကတဆင့် ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို အသိပေးအကြောင်းကြားလာတာဖြစ်ပြီး ဒီနေ့ မနက် ၁၀ နာရီကနေ ၁၂ နာရီကြား လေ့ကျင်ပျံသန်းမယ်လို့ ပြောပါတယ်။
“ဒီနေ့ ၁၀ နာရီနဲ့ ၁၂နာရီကြား မိတ္ထီလာလေတပ်ကနေ အသံထက်မြန်တဲ့ လေယာဉ်ပေါ့ဗျာ။ လေ့ကျင့်ပျံသန်းမှာ မိတ္ထီလာ၊ မလှိုင်၊ တောင်တွင်းကြီး၊ ဆူညံသံတွေကြားမယ်ပေါ့ဗျာ။ အထိတ်တလန့် မဖြစ်ကြဖို့ အဲ့ဒါကို ပြည်သူတွေ အသိပေးထားဖို့၊ အခု ၁၁ နာရီထိုးတဲ့ချိန်ထိတော့ မကြားသေးဘူးဗျ။”
အရင် ဒီလို အသိပေးနှိုးဆော်တာ မကြားဖူးသလို လေယာဉ်ပျံသံ အကျယ်ကြီးလည်း မကြားဖူးဘူးလို့ ပြောပါတယ်။
ဓာတ်ပုံ - တပ်မတော် (လေ) ဖေ့ဘုတ်