Home
မြန်မာသတင်း
ကိုလံဘို အရှေ့တောင်အာရှဒေသခွဲ မူးယစ်ဆေးဝါးဆိုင်ရာအစည်းအဝေး ကျင်းပ
အောင်ကိုကိုလတ် (နေပြည်တော်)
·
February 22, 2017
ကိုလံဘို စီမံကိန်းထဲမှာ ပါဝင်တဲ့ အရှေ့တောင်အာရှဒေသခွဲ မူးယစ်ဆေးဝါးဆိုင်ရာ Focal Point အစည်းအဝေးကို နေပြည်တော်မှာ ဖေဖော်ဝါရီ ၂၂ ကနေ ၂၄ ရက်အထိ  ပထမဆုံးအကြိမ် ကျင်းပပါတယ်။ “မူးယစ်ဆေးဝါးပြသနာဟာ ကမ္ဘာ့ဘုံပြဿနာ တခုဖြစ်ပြီး နိုင်ငံတနိုင်ငံရဲ့ပြဿနာဟာ ကမ္ဘာ့အရေးကိစ္စ လည်း ဖြစ်ပါတယ်။ အဲဒါကြောင့်ရှုထောင့် ပေါင်းစုံက ရှုမြင်သုံးသပ်ပြီး အခြေအနေတွေနဲ့ ကိုက်ညီ အောင် ဆောင်ရွက်မှုတွေ လုပ်ဆောင်ရမှာပေါ့” လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ရဲချုပ် ဇော်ဝင်း က ပြောပါတယ်။ အစည်းအဝေးမှာ ဒေသတွင်း နိုင်ငံတွေက မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ကြုံတွေ့နေရမှုတွေကို တင်ပြ ဆွေးနွေးခြင်း၊ အမေရိကန်နိုင်ငံ ထိုင်းနိုင်ငံ သြစတြေးလျနိုင်ငံတွေက မူးယစ်ဆေးဝါး သုံးစွဲမှု ကြိုတင် ကာကွယ်ရေးနဲ့ ကုသရေး တန်ပြန်ထိန်းချုပ်ရေးဆိုင်ရာတွေကို တင်ပြဆွေးနွေးမှာ ဖြစ်ပါတယ်။ အစည်းအဝေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ရဲချုပ်ဇော်ဝင်းတက်ရောက်ခဲ့ပြီး ကိုလံဘိုစီမံကိန်း အထွေထွေ အတွင်းရေးမှူးချုပ် Mr. Kinley Dorji တက်ရောက်ခဲ့ပါတယ်။ မူးယစ်ဆေးဝါးကာကွယ်တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ စီမံကိန်းဌာန ရဲမှူးကြီး ဇော်လင်းထွန်းက “လူမှုစီးပွားဆိုတဲ့ကဏ္ဍမှာ မူးယစ်ဆေးဝါးဆိုတာ အန္တရာယ်တခုပါနေတာဖြစ်ပါတယ်။ အဲတော့ သူတို့က အဖွဲ့ဝင်နိုင်ငံအစိုးရတွေရဲ့ လုပ်ငန်းစွမ်းရည်မြင့်တင်ပေးတဲ့အပိုင်းကို အဓိက ဆောင်ရွက်ပေး ပါတယ်။ အဓိကအားဖြင့်တော့ သူတို့က ကုသရေးနဲ့ ကြိုတင်ကာကွယ်ရေး အပိုင်းတွေမှာ ဆောင်ရွက် ပေးတာဖြစ်ပါတယ်”လို့ ပြောပါတယ်။ မြန်မာနိုင်ငံ မူးယစ်ဗဟိုအဖွဲ့အနေနဲ့ ပြောင်းလဲလာတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် မူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒအသစ် ပေါ်ထွက်လာအောင် ၂၀၁၆ ခုနှစ် ကုလသမဂ္ဂအထွေ ထွေညီလာခံရဲ့ ကမာ့္ဘမူးယစ်ဆေးဝါးပြဿနာဆိုင်ရာ အထူးအစည်းအဝေးပါ ဆုံးဖြတ်ချက်တွေနဲ့ ဆောင်ရွက်ရေးဆွဲနေကြောင်း သိရှိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024