Saturday, June 10, 2023
Homeမြန်မာသတင်းနိုင်ငံရေးေဒၚေအာင္ဆန္းစုၾကည္ ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (အန်အယ်လ်ဒီ) ပါတီ မှတ်ပုံတင်ဖို့ကိစ္စ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီဝင်တွေ ဒီနေ့ မနက်က​ ​နေပြည်တော်ကို လေယာဉ်နဲ့ သွားရောက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့​ အဖွဲ့ဟာ ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ ဒီနေ့ မနက်ပိုင်းက  ပါတီ မှတ်ပုံတင်ဖို့​ လက်မှတ်​ ​ရေးထိုးတယ်လို့​ ​ရွေးကောက်ပွဲ​ကော်မရှင်ရုံးက အတည်ပြု​ ​ပြောဆိုပါတယ်။

ရွေးကောက်ပွဲ​ကော်မရှင်ရုံး တာဝန်ရှိသူတဦးက “ဦးတင်ဦးနဲ့ ဒေါ် အောင်ဆန်းစုကြည်တို့ ကျနော်ဆီမှာလာပြီး မှတ်ပုံတင်ခွင့်​ လာလျှောက်ထားတာပါ။ ၁၀ နာရီ ၁၀ မိနစ်ပါခင်ဗျာ။ ဦးဥာဏ်ဝင်း၊ ဦးဝင်းမြင့်ပါပါတယ်။ ကော်မရှင်ရှေ့မှောက်မှာ လတ်မှတ်ရေးထိုးပါတယ်”  လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ဟာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး အပါအ၀င် အဖွဲ့ ဝင် ၇ ဦးနဲ့ တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။

တွေ့ဆုံမှုနဲ့​ ပတ်သက်ပြီး အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက “ကော်မရှင်တဖွဲ့လုံးနဲ့ ၁ နာရီ၊ ၁ နာရီခွဲကြာအောင် စကားပြောဖြစ်ပါတယ်။ ကျနော်တို့ တင်တဲ့လျှောက်လွာတွေလည်း အပြီးစီးတင်ခဲ့ပါပြီ။ ကျနော်တို့က နေပြည်တော်လေဆိပ်မှာ၊ ဒေါ်အောင်ဆန်းစုကြည်ကတော့ လူကြီးတွေနဲ့တွေ့မယ်၊ သွားနေတယ်၊ ပြန်မလာသေးဘူး၊ ဘယ်သူတွေလဲတော့ ကျနော်တို့မသိဘူး” လို့ ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်နဲ့တွေ့ဆုံစဉ် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်ဖို့ အကြောင်းအရာတွေ ဆွေးနွေးခဲ့ပြီး ပူးပေါင်းလုပ်ဆောင်ဖို့လည်း ဆွေးနွေးတယ်လို့လည်း ဦးဥာဏ်ဝင်းက ဆိုပါတယ်။

အန်အယ်လ်ဒီပါတီ တည်ထောင်ခွင့်ကို နိုဝင်ဘာက​ ​လျှောက်ထားခဲ့ရာမှာ​ ​ရွေးကောက်ပွဲကော်မရှင်က​ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ခွင့်ပြုခဲ့ပြီး ဖြစ်တာကြောင့် ပါတီမှတ်ပုံတင်ဖို့  ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီအဖွဲဝင်တွေက နေပြည်တော်ကို သွားရောက်ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးစဉ်အတွင်းမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ​ ဦး​​ရွှေ​မန်း​ အမျိုးသားလွှတ်တော်​ ဥ​က္ကဋ္ဌ​ ဦး​ခင်​အောင်​မြင့်​တို့​နဲ့​​ ​တွေ့​ဆုံခဲ့​တယ်​လို့​လည်း​ အဲ​ဒီ​တွေ့​ဆုံ​မှု​ကို​ ​သ​တင်း​ရ​ယူ​ခဲ့​တဲ့​​ ​သ​တင်း​​ထောက်​တဦး​က​ ​ပြော​ပါ​တယ်​။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular