Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ကို တရားမဝင်သွားရောက်မည့် လှေတစီး နတ်မြစ်တွင်း ဖမ်းမိ
DVB
·
February 22, 2017
မောင်တောမြို့နယ် နတ်မြစ်အတွင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တရားမဝင်သွားရောက်မယ့် လှေတစီး ဖမ်းဆီးရမိပါတယ်။ မောင်တောမြို့နယ်၊ နတ်မြစ်အတွင်း တပ်မတော်(ရေ) မှ နယ်မြေလုံခြုံရေးလှည့်ကင်း ဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၂၀ ရက် ညနေ ၄ နာရီ ၄၀ မိနစ်လောက်မှာ ရေယာဉ်ရဲ့အနောက်မြောက်ဘက် ၃ မိုင် လောက်အကွာမှာ တောင်မှမြောက်သို့ ခုတ်မောင်းနေတဲ့ မသင်္ကာဖွယ်ရာ စက်တပ်လှေငယ်တစီးကို ဖမ်းဆီးရမိခဲ့တာလို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။ လှေပေါ်မှာ ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာနေ ကိုနီမူလာ (၃၅-နှစ်)၊ ခေါင်းတုတ်ကျေးရွာနေ အာမင်နူဟော့ (၁၈-နှစ်)၊ ဖက်ကုန်း ကျေးရွာနေ စီဒီအာမောက် (၄၀-နှစ်)နဲ့ အကီယား (၃၅-နှစ်)၊ ၀ကန်းကျေးရွာနေ နာဆဲ (၅၇-နှစ်)၊ လှဆောင်ကောက်ကျေးရွာနေ ယာက်မီနာ (၁၆-နှစ်) နဲ့ နုရာဆီဇာ (၂-နှစ်)၊ စစ်တွေမြို့နယ် သဲချောင်းကျေးရွာနေ မာမွတ်နုလမ်း (၃၁-နှစ်)၊ ပေါက်တောမြို့နယ် အနောက်ရပ်ကွက်နေ လာလူး (၂၆-နှစ်)၊ ပုဏ္ဏားကျွန်းမြို့နယ် သံတက်ခါလီကျေးရွာနေ ဂျမ်ဟူဆောင် (၄၂-နှစ်)၊ သာတီကျေးရွာနေ ဟာဒီနူလာ (၃၂-နှစ်)၊ စုစုပေါင်း ၁၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဖမ်းဆီးရမိသူတွေကို စစ်တွေမြို့မရဲစခန်းသို့ လွှဲပြောင်းအပ်နှံနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024