ကျမမျက်လုံးတွေကို အဝတ်နဲ့စည်းပြီး နေ့တိုင်းအဓမ္မပြုကျင့်ခံခဲ့ရတယ် – လူကုန်ကူးခံမိန်းကလေးတဦး (ရုပ်သံ)

“ကျမရဲ့မျက်လုံးတွေကို အဝတ်နဲ့စည်းပြီး နေ့တိုင်း အဓမ္မပြုကျင့်ခံခဲ့ရတယ်” လို့ အန်နာက ဘီဘီစီရုပ်သံဌာန တွေ့ဆုံမေးမြန်းခန်း အစီအစဉ်တခုမှာ ဖြေလိုက်တာပါ။ အန်နာဟာ ပြီးခဲ့တဲ့နှစ်က အယ်လ်ဘေးနီးယားနိုင်ငံကနေ ဗြိတိန်နိုင်ငံတွင်းကို လူကုန်ကူးခံခဲ့ရပြီး ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဗြိတိန်အမျိုးသားတဦးက သူ့ကို ချစ်သူအဖြစ် ဟန်ဆောင်ချဉ်းကပ်ခဲ့ပြီး ခုလို ရောက်ရှိလာခဲ့တယ်လို့ သူကပြောပါတယ်။ “သူနဲ့တူတဲ့ အဖော်ချစ်သူရှာနေပြီး မိသားစုဘဝ စတင်ကြမယ်လို့ ကျမကို ပြောခဲ့တာပါ။” အယ်လ်ဘေးနီးယားနိုင်ငံကနေ ဗြိတိန်နိုင်ငံတွင်း လူကုန်ကူးခံခဲ့ရသူ စုစုပေါင်း ဦးရေ ၆၀၀ လောက် ရှိနိုင်တယ်လို့ သတင်းက ဆိုပါတယ်။ “ကျမကို မြေအောက်ခန်းတခုထဲမှာ ပိတ်လှောင်ထားခဲ့တာပါ။ ကျမဘေးက ကမ္ဘာကို ကျမ မမြင်ခဲ့ရပါဘူး။ သူတို့ ကျမကို ပေးမြင်ခွင့်မပေးဘူးလေ။ ကျမကိုခေါ်သွားတိုင်း မျက်လုံးတွေကို အဝတ်နဲ့စည်းပြီး ခေါ်သွားခဲ့တာ။” နေ့တိုင်း အဓမ္မပြုကျင့်ခံခဲ့ရသလားဆိုတဲ့ သတင်းဌာနရဲ့ မေးခွန်းကိုတော့ “ဟုတ်ကဲ့။ ကျမကို ယောက်ျားပေါင်းများစွာက နေ့တိုင်း အဓမ္မပြုကျင့်ခဲ့ကြတယ်” လို့ ဖြေခဲ့ပါတယ်။ အန်နာဟာ လက်ရှိမှာတော့ ကယ်ဆယ်ရေးစခန်းတခုမှာ ရောက်ရှိနေခဲ့ပြီး သူ့ကို လူကုန်ကူးခဲ့သူကိုတော့ ခုချိန်ထိ ဖမ်းမမိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up