ရန်ကုန်မြို့၊ လမ်းမတော်တွင် မီးလောင် (ဓာတ်ပုံ)
DVB
·
February 21, 2017
ရန်ကုန်မြို့ ၊ လမ်းမတော်မြို့နယ် ၁ ရပ်ကွက် အမှတ် ၆၄၀၊ ကမ်းနားလမ်းနဲ့ ၃ လမ်းထောင့်မှာရှိတဲ့ မြေညီထပ်နဲ့ ပထမထပ်မှာ ဒီနေ့ နေ့လယ်က မီးလောင်ကျွမ်းခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နေ့လယ် ၂နာရီခွဲက ကမ်းနားလမ်းနဲ့ ၃ လမ်းထောင့်မှာရှိတဲ့ မြေညီထပ်နဲ့ ပထမထပ်မှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး ညနေ ၃နာရီ ၅ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။
“မီးလောင်မှုကို မီးသတ်ဦးစီးဌာနမှ Level 2 အဆင့် သတ်မှတ်ထားပြီး မီးသတ်ယာဉ် ၂၁ စီး၊ ကွပ်ကဲမှုယာဉ် ၃ စီး နဲ့ မိတ်ဖက်ယာဉ် ၁၀ စီး မီးငြှိမ်းသတ်ခဲ့ပြီး ဘာကြောင့်လောင်တယ်ဆိုတာကို စုံစမ်းဆဲ”လို့ မီးသတ်တာဝန်ရှိသူတဦးက ပြောပါတယ်။
မီးလောင်ခဲ့တဲ့နေရာဟာ ရန်ကုန်ကနေ ပုသိမ်သို့ ပစ္စည်းပို့ဆောင်ပေးတဲ့ ကားဂိတ်နေရာဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၂၅၀၀၀ ရှိသည်ဟု မီးသတ်ဌာနက ပြောပါတယ်။
ရပ်ကွပ်နေ ပြည်သူတွေရဲ့ ပြောဆိုချက်အရ ဝါယာရှော့ဖြစ်ပြီး လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - သူဇာလင်း