ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ် ရုတ်တရက်သေဆုံး

ဓာတ်ပုံ - ရိုက်တာ
ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ် ဗီတားလီ ချာကင်ဟာ ဖေဖော်ဝါရီ ၂၀ ရက်နေ့က နယူးယောက်မြို့မှာ ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။ သူ မကွယ်လွန်ခင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတခုမှာ မစ္စတာချာကင်က “အမေရိကန် အစိုးရအဖွဲ့အစည်းမှာ တကယ့်ကို ထူးခြားတဲ့ သမိုင်းဝင် (ငါတို့ပြည်သူတွေ) ‘we the people’ ဆိုတဲ့ တိုင်းသူပြည်သားတွေကို အလေးပေးမှု ပေါ်လွင်စေတဲ့ သမိုင်းဝင်စကားလုံး ရှိပါတယ်။ ကျနော်တို့ ခရိုင်းမီးယားက ပြည်သူတွေကို ဆန္ဒမဲ တောင်းခံရာမှာ ၉၃ ရာခိုင်နှုန်းက ရုရှားနဲ့ ပြန်လည်ပေါင်းစည်းဖို့ မဲပေးကြပါတယ်။ ဆိုတာက ခရိုင်းမီးယားဟာ တရားဝင် ရုရှားကနေ ခွဲထွက်သွားတာလို့ ပြောဖို့မလွယ်ပါဘူး” လို့ ပြောခဲ့ဖူးပါတယ်။ ရုရှားသံတမန် ချာကင်ဟာ ခုလို ရုတ်တရက် မသေဆုံးမီ အလုပ်ထဲမှာ မကျန်းမမာ ဖြစ်ခဲ့ပါတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ချာကင်ရဲ့ သေဆုံးမှုအပေါ် ရုရှားသမ္မတ ဗလာဒီမာပူတင်က အလွန်ဝမ်းနည်းကြောင်း ဖော်ပြခဲ့သလို ချာကင်ရဲ့ အရည်အချင်းတွေကိုလည်း ထုတ်ဖော်ချီးမွမ်းခဲ့ကြောင်း ရုရှားသတင်းတရပ်မှာ ဖော်ပြထားပါတယ်။ ချာကင်ဟာ နှလုံးရောဂါ ခံစားရပြီး မသေဆုံးမီအချိန်မှာ မန်ဟက်တန်ဆေးရုံကို အရေးပေါ် တက်ရောက်ခဲ့ကြောင်း နယူးယောက်ပို့စ်သတင်းက ဖော်ပြခဲ့ပါတယ်။ ချာကင်ဟာ ဆိုဗီယက်ယူနီယံ မပြိုကွဲမီ ၁၉၉၀ ခုနှစ်ကစလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီ့နောက်မှာ ရုရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ သံအမတ်အဖြစ် ဘယ်လ်ဂျီယံ၊ ကနေဒါတို့မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒီ့နောက် ၂၀၀၆ ခုနှစ်မှာ ရုရှားနိုင်ငံအတွက် ကုလသမဂ္ဂမှာ တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up