ရေမြင်းအုပ်စုနဲ့ မိကျောင်းတကောင်ကြား ထိတ်လန့်ဖွယ် အသက်လုတိုက်ပွဲ (ရုပ်သံ)

ရေအောက်ကမ္ဘာမှာ အန္တရာယ်နဲ့ ရင်ဆိုင်ရချိန် ပိုင်နက်ဟာလည်း အရေးကြီးလှပါတယ်။ မိကျောင်းတွေကို ပုံမှန်အားဖြင့် ရေသတ္တဝါတွေထဲမှာ အင်အားကြီးပြီး ရန်ပြုတတ်တဲ့ ထိတ်လန့်စရာ သတ္တဝါတွေအဖြစ် သိထားကြတာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အုပ်စုလိုက်အနေအထားကနေ တကောင်တည်းနဲ့ ရင်ဆိုင်ရချိန်မှာ ဘယ်လိုတုံ့ပြန်တိုက်ခိုက်ခဲ့သလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ ရေမြင်းတွေရဲ့ သဘာဝကတော့ အုပ်စုဖွဲ့ သွားလာနေထိုင်လေ့ရှိတဲ့ ကုန်းနေရေနေ သတ္တဝါတမျိုးဖြစ်ပြီး အာဖရိကမှာတော့ အန္တရာယ်ရှိတဲ့ သတ္တဝါတမျိုးလို့ သတ်မှတ်ထားကြပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ပိုင်နက်ထဲရောက်လာတဲ့ မိကျောင်းတကောင်ကို အုပ်စုဖွဲ့ တိုက်ခိုက်ခဲ့ကြတဲ့ ရေမြင်းအုပ်စုကြီးကို တွေ့ရပါတယ်။ မိကျောင်းဟာ ရေမြင်းတွေကြားမှာ တုံ့ပြန်တိုက်ခိုက်မှု မလုပ်နိုင်ခဲ့ဘဲ မရှုမလှ ခံနေခဲ့ရတာပါ။ ရေမြင်းတွေဟာ မိကျောင်းအနားမှာ ဝိုင်းပြီး ပါးစပ်တွေကို အကျယ်ကြီးဟကာ ကိုက်ခဲနေခဲ့ကြတာကို ထိတ်လန့်ဖွယ် တွေ့မြင်ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up