ကလေးအလုပ်သမား ပပျောက်ရေး လက်တွေ့လုပ်ဆောင်ရန် ရန်ကုန်တွင် ဆွေးနွေး (သတင်းဓာတ်ပုံ)
DVB
·
February 21, 2017
ကလေးအလုပ်သမားဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ရေးဆွဲနိုင်ရေးဖို့ စက်မှုဇုန်အဆင့် ညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်မှာ ဒီကနေ့ ကျင်းပပါတယ်။
လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန၊ အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနနဲ့ ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ (ILO)တို့ ပူးပေါင်းလုပ်ဆောင်တဲ့ ကလေး အလုပ်သမားဆိုင်ရာ အစီအစဉ်တခုအနေနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေး အစီအစဉ်အရ ကလေးအလုပ်သမားတွေနဲ့ ဆိုင်တဲ့ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်တွေ ရေးဆွဲနိုင်ဖို့အတွက် အဓိကဆွေးနွေးနေကြတာဖြစ်ပြီး ဒီဆွေးနွေးပွဲက ရရှိလာတဲ့ အချက်အလက်တွေကို စာရွက်တွေပေါ်မှာမထားပဲ လက်တွေ့ ကျင့်သုံးနိုင်အောင် လုပ်ဆောင်မယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
ဒီဆွေးနွေးပွဲမှာ အပြည်ပြည်ဆိုင်ရာ ကလေးအလုပ်သမား စံနှုန်းတွေနဲ့ ကလေးအလုပ်သမားဆိုင်ရာ အသိအမြင် မြှင့်တင်ပေးဖို့ မြန်မာနိုင်ငံထဲမှာရှိတဲ့ စက်မှုဇုန်တွေထဲမှာရှိတဲ့ ကလေးအလုပ်သမား ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေကို ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲကို အစိုးရတာဝန်ရှိသူတွေ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေသာမက စက်မှုဇုန်တွေထဲက စက်ရုံပိုင်ရှင်တွေပါ တက်ရောက်နေကြတာပါ။