Home
မြန်မာသတင်း
5 STAR အငြိမ့်ပွဲတွင် စကားများရန်ဖြစ်ဓားထိုးမှုဖြစ်ပွား၍ ၁ ဦးသေဆုံး
DVB
·
February 21, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ မြေသာကျေးရွာရှိ ဘုရားထီးတင်ပွဲမှာ 5 STAR အငြိမ့်ပွဲ ကပြနေစဉ် ပွဲကြည့်ပရိသတ်အချင်းချင်း စကားများ ရန်ဖြစ်ရာက ဓားထိုးမှု ဖြစ်ပွားခဲ့လို့ ၁ ဦး သေဆုံးခဲ့တယ်လို့  ကသာခရိုင် ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက် မနက် ၁ နာရီ ၄၅ မိနစ်က ပင်လည်ဘူးမြို့နယ် မြေသာကျေးရွာရှိ ဘုရားထီးတင်ပွဲမှာ 5 STAR အငြိမ့်ပွဲကပြနေတာကို ပင်လည်ဘူးမြို့နယ် မန္တံကျေးရွာနေသူ အသက် ၁၇ နှစ်အရွယ် မောင်ကောင်းထက်ဝေနဲ့ ဇင်ရော်ထွန်းဟာ  ဇာတ်ပွဲညာဘက်ခြမ်းရှိ ပွဲဈေးတန်း နေရာမှာ ကြည့်ရှုနေစဉ် မိကျောင်းအင်းကျေးရွာနေ လှိုင်းဇော်ဟိန်း(၂၀-နှစ်)နဲ့ စကားများရန်ဖြစ်ပြီး မောင်ကောင်းထက်ဝေနဲ့ ဇင်ရော်ထွန်းတို့ကို ဓားနဲ့ထိုးတာကြောင့် မောင်ကောင်းထက်ဝေမှာ ယာဘက်ရင်အုံ လက်မဝက်ခန့် ထိုးသွင်းဒဏ်ရာ (မစိုးရိမ်ရ)၊ ဇင်ရော်ထွန်းမှာ ယာဘက်ရင်အုံ လက်မဝက်ခန့် ထိုးသွင်းဒဏ်ရာရှိခဲ့ပြီး သေဆုံးခဲ့တာပါ။ တရားခံ လှိုင်းဇော်ဟိန်းကို အခင်းဖြစ်ပွားပြီး ၁ နာရီအတွင်း ဖမ်းဆီးရမိခဲ့ပါတယ်။ ပင်လည်ဘူး ပြည်သူ့ဆေးရုံကို တက်ရောက်ကုသစဉ် ဇင်ရော်ထွန်းမှာ ရရှိတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားတာကြောင့် တရားခံ လှိုင်းဇော်ဟိန်းကို အရေးယူပေးပါဖို့ တိုင်ကြားတဲ့အတွက် အသက်သေဆုံးအောင် ဓားနဲ့ထိုးသူ တရားခံ လှိုင်းဇော်ဟိန်းကို ပင်လည်ဘူးမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၆ အရ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024