လှပလွန်းသည်ဟု အကြောင်းပြ၍ အလုပ်ဝင်ပြီး ၅ မိနစ်အတွင်း အလုပ်ထုတ်ခံရသည့် အမျိုးသမီး

ဓာတ်ပုံ - hulseemma
ရုပ်သံသတင်းဌာနတခုမှာ အလုပ်သမတဦးအဖြစ် လုပ်ကိုင်ခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် အမ်မာ ဟားလ်စ်က သူဟာ လှပလွန်းလို့ အလုပ်ထုတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။ သူဟာ လန်ဒန်အခြေစိုက် ယူနစ် ရုပ်သံသတင်းထုတ်လုပ်ရေးဌာနမှာ အလွတ်တမ်း ငှားရမ်းထားတဲ့ အကူဝန်ထမ်းတဦးအဖြစ် စတင်အလုပ်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ကို အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတခုကနေ ငှားရမ်းခဲ့တာဖြစ်ပြီး အလုပ်စတင်ဝင်ရောက်ပြီး ၅ မိနစ်လောက်အကြာမှာတော့ သူ့ရဲ့အေးဂျင့်ဆီက အဲဒီအလုပ်မှာ သူ့ကို မလိုအပ်တော့ဘူးဆိုတဲ့ မက်ဆေ့ခ်ျ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အမ်မာ ဟားလ်စ်က သက်ဆိုင်ရာ တာဝန်ရှိတဲ့ မန်နေဂျာဆီ သွားရောက်မေးမြန်းခဲ့ချိန်မှာတော့ သူ့ကို ‘ခင်ဗျားက မော်ဒယ်တယောက်လား။ ဘာလို့ မော်ဒယ်ကက်တ်ဝေါ့လ်ခ် မလျှောက်ဘဲ ဒီမှာရှိနေရတာလဲ’ လို့ မေးခဲ့တာပါ။ “ကျမကို အလုပ်ကထုတ်ပယ်လိုက်တာ ကြားလိုက်ရတော့ ကျမ တော်တော် စိတ်ပျက်သွားတာရှင့်။ ဘာလုပ်ရမယ်ဆိုတာ ကျမ မသိခဲ့ဘူး” လို့ သူက ပြောပါတယ်။ အဲဒီနေ့က အမ်မာ ဟားလ်စ်ဟာ ရှပ်အင်္ကျီနဲ့ ဘောင်းဘီကိုသာ ဝတ်ဆင်သွားခဲ့တာဖြစ်ပြီး ဒါဟာ လုပ်ငန်းခွင်နဲ့ အမြင်မသင့်တော်တဲ့ဝတ်စုံ မဟုတ်ဘူးလို့ ဆိုပါတယ်။ ကုမ္ပဏီပိုင်ရှင်တဦးဖြစ်တဲ့ အဒမ် လပ်ခ်ဝဲလ်ကတော့ ဒါဟာ ၃ လအစမ်းခန့် ဝန်ထမ်းတွေထဲက ဝန်ထမ်းတချို့ကို ထုတ်ပယ်ချိန်နဲ့ တိုက်ဆိုင်ပြီး ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ “သူ့ရဲ့ ဝတ်စားဆင်ယင်ပုံက ဆိုးဝါးတယ်လို့ ကျနော်တို့ ခံစားရတယ်။ သူလုပ်နေတာတွေတချို့က ကုမ္ပဏီရဲ့ မူဝါဒနဲ့ မကိုက်ညီပါဘူး။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up