Home
မြန်မာသတင်း
ပညာထူးချွန်သည့် ချင်းတိုင်းရင်းသားများကို ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်
DVB
·
February 21, 2017
၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှာ PhD ပါရဂူဘွဲ့ ရရှိခဲ့တဲ့သူတွေ အပါအဝင် ထူးချွန်တဲ့  ချင်းတိုင်းရင်းသား/တိုင်းရင်းသူ လူငယ်တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်လိုက်ပါတယ်။ မနေ့ညနေက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ မှာ ကျင်းပတဲ့   ၆၉ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး ဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။ ပညာရေးကို အလေးထားကြတဲ့ ချင်းတိုင်းရင်းသားတွေအတွက် အင်မတန်မှ ဝမ်းသာ ဂုဏ်ယူပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက်စကား ပြောကြားရာမှာ ထည့်သွင်း ပြောသွားပါတယ်။ “၂၀၁၃-၂၀၁၄ ခုနှစ်က ချင်းပြည်နယ်ကို သွားရောက်စဉ်က "ချင်းပြည်နယ်မှာ ဘာအကူညီလိုလဲ၊ ဘာကူညီပေးရမလဲလို့ မေးတဲ့အခါမှာ ချင်းအမျိုးသားတွေအနေနဲ့က ပညာရေးကိုပဲ ကူညီပေးပါ။ ပညာရေးကဏ္ဍပဲ အကူညီလိုပါတယ်လို့ ပြောပါတယ်။ ချင်းတိုင်းရင်းသားတွေရဲ့ ပညာရေးကို အလေးထားတာကို သဘောကျတယ်။" ဒါ့အပြင် ဒု-သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့ကလည်း ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ကျင်းပခဲ့တဲ့ အားကစားပြိုင်ပွဲ အမျိုးမျိုးမှာ နိုင်ငံတော်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ချင်းတိုင်းရင်းသား၊ တိုင်းရင်းသူတွေကို ဂုဏ်ပြုဆုတွေ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ အခမ်းအနားကို ဒု-သမ္မတ ၂ ဦးဟင်နရီဗန်ထီးယူ အပါအဝင် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတွေနဲ့ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အန်အယ်လ်ဒီပါတီက ထိပ်ပိုင်းခေါင်းဆောင်တွေ၊ ချင်းတိုင်းရင်းသားတွေ တက်ရောက်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024