မန်ယူနှင့် ချဲလ်ဆီး ဆုံတွေ့သည့် အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်များ

အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေကို မဲနှိုက်ရွေးချယ်ခဲ့ရာမှာ လက်ရှိချန်ပီယံ မန်ယူအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။ မန်ယူအသင်းအနေနဲ့ ချဲလ်ဆီးအသင်းရဲ့ စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းမှာ သွားရောက်ကစားရမှာပါ။ မန်စီးတီးအသင်းက ဟက်ဒါဖီးလ်အသင်းနဲ့ ပြန်ကန်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် မစ်ဒယ်ဘရော့အသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ကစားရမှာပါ။ အာဆင်နယ်အသင်းကတော့ ဒီကနေ့ညကစားမယ့် ဆပ်တန်နဲ့ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ဘန်လေအသင်းကို ကျော်ဖြတ်လာတဲ့ လင်ကွန်းအသင်းနဲ့ အိမ်ကွင်းမှာ ကစားရမှာပါ။ စပါးအသင်းကတော့ မီလ်ဝေါလ်နဲ့ အိမ်ကွင်းမှာ တွေ့ဆုံကစားရမှာ ဖြစ်ပါတယ်။ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေကို လာမယ့် မတ်လ ၁၀၊ ၁၁၊ ၁၂ နဲ့ ၁၃ ရက်တွေမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up