Home
မြန်မာသတင်း
မြိတ်မြို့တွင် အမျိုးသားသုံးဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
DVB
·
February 19, 2017
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု ဘုရားကုန်းကျေးရွာမှာ အမျိုးသား သုံးဦးဆီက မူးယစ်ဆေးဝါး သုံးမျိုးကို ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၅ နာရီလောက်က ရှာဖွေဖမ်းဆီးရမိခဲ့ကြောင်း တောင်ရှည်နယ်မြေ ရဲစခန်းက ပြောပါတယ်။ မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာမှာ ဖေဖော်ဝါရီ ၁၈ ရက် မနက် ၅ နာရီလောက်က တောင်ရှည်နယ်မြေ ရဲစခန်းရုံးမှ စခန်းမှူး ရဲအုပ် ကျော်မိုးနဲ့အဖွဲ့ဟာ မျိုးလွင် (ခ) အူမန် နေအိမ်မှာ မူးယစ်ဆေးဝါးတွေ ဖြန့်ဖြူးရောင်းချ သုံးစွဲနေကြောင်း သတင်းအရ ဝင်ရောက်စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတ်ယ။ ထိုသို့ ထပ်မံ စစ်ဆေးရာ မျိုးလွင် (ခ) အူမန်ရဲ့ နေအိမ်မှာ မျိုးလွင်နဲ့ အတူ သိန်းထွန်း (ခ) ဂျာမာလူဒင် နဲ့ မောင်နူး (ခ) မြတ်မိုး တို့ကို တွေ့ရှိရပြီး နေအိမ်အနောက်ခန်းရှိ ဘေးလွယ်အိပ်အတွင်းက WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၉၈ ပြား၊ အစိမ်းရောင် ၂ ပြား၊ ပေါင်း ၂၀၀ ပြားစီပါ အထုပ် ၇ ထုပ်၊ စုစုပေါင်းဆေးပြား ၁၄၀၀ ပြား၊ စုစုပေါင်း ကာလတန်ဖိုး (၇၀၀၀၀၀၀ိ/-) အား လည်းကောင်း၊ ပလပ်စတစ် အိတ်အကြည်ဖြင့် ထည့်ထားသော အလေးချိန် ၈၀ ဂရမ်ခန့်ပါ ICE အစိုင်အခဲ အလေးချိန် ၀ ဒသမ ၀၈ ကီလလိုဂရမ်ခန့်ပါ အထုပ် ၁ ထုပ်၊ ကာလ တန်ဖိုး (၃၂၀၀၀၀၀ိ/-) အား လည်းကောင်း၊ နေအိမ် ရှေ့ခန်းမှ ပလပ်စတစ်အိတ်ဖြင့် ထည့်လျက် တထုပ်လျှင် အလေးချိန် ၇၀ ဂရမ်ခန့်စီပါ ဘိန်းစာမှုန့် အထုပ် ၇ ထုပ် ကာလတန်ဖိုး (၄၉၀၀၀ိ/-) အား လည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံး ပြုတဲ့ ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ မူးယစ်ဆေးဝါးများအား လက်ဝယ်ထားရှိ ဖြန့်ဖြူး ရောင်းချ ပူးပေါင်း သုံးစွဲသူ မျိုးလွင် (ခ) အူမန်၊ သိန်းထွန်း(ခ)ဂျာမာလူဒင်နဲ့ မြတ်မိုး(ခ)မောင်နူးတို့ကို တောင်းရှည်နယ်မြေ ရဲစခန်းက မယ (ပ) ၂/၂၀၁၇၊ မူး/ စိတ်ပုဒ်မ ၁၅/ ၁၉(က)/ ၂၁ အရ အမှုဖွင့်ထားကြောင်း သိရပါတယ်။ ဇော်ဇော် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024