တရုတ်နိုင်ငံသို့ တရားမဝင်ပို့ဆောင်မည့် ကျွဲများ ကသာမြို့တွင် ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်မှာ တရုတ်နိုင်ငံကို တရားမဝင်ပို့ဆောင်မယ့် ကျွဲတွေကို ဖေဖော်ဝါရီ ၁၈ ရက် မနက်ပိုင်းက ဖမ်းဆီးရမိကြောင်း အင်းရွာရဲစခန်းက ပြောပါတယ်။ အင်းရွာရဲစခန်းမှူး ရဲအုပ်ဝင်းမြိုင် ဦးဆောင်တဲ့အဖွဲ့ဟာ ဘုရားတောင်ကျေးရွာ အနောက်တောစပ် ၁ မိုင်လောက်မှာ တရားမဝင်သယ်ဆောင်တဲ့ ကျွဲတွေ ရောက်ရှိနေတယ်လို့ သတင်းအရ  သွားရောက် ဖမ်းဆီးစစ်ဆေးရာ မောင်လွင်ပါ ၅ ဦးဟာ ကောလင်းမြို့နယ်  ဆင်ကုန်းရွာက ခွင့်ပြုချက်အထောက်အထား တစုံတရာပြသနိုင်ခြင်းမရှိဘဲ တရုတ်ပြည်ကို တရားမဝင် ပို့ဆောင်ဖို့ မောင်းနှင်လာတဲ့ ကျွဲထီး ၅ ကောင်နဲ့ ကျွဲမ ၁၆ ကောင် ပေါင်း ၂၁ ကောင် (ကာလတန်ဖိုး ၉၄၅၀၀၀၀ ကျပ်) တို့ကို ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။ တရားမဝင်သယ်ဆောင်လာတဲ့ ကျွဲတွေနဲ့အတူ  ဖမ်းဆီးရမိတဲ့ မောင်လွင်၊ ဝေယံဖြိုး၊ ချစ်စမ်းမောင်၊ မျိုးသီဟ နဲ့ ဝင်းနိုင် တို့ ၅ ဦးကို အင်းရွာရဲစခန်းက(ပ)၁၁/၁၇ ကုန်စည် ၅ အရ အရေးယူဆောင်ရွက်နေကြောင်း သိရပါတယ်။ ကိုကျော်(အင်းတော်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up