မတ်လတွင် ရန်ကုန်တက္ကသိုလ်ကျောင်း သားသမဂ္ဂအဆောက်အအုံ ပြန်ဆောက်မည်
DVB
·
February 19, 2017
ရန်ကုန်တက္ကသိုလ်ကျောင်း သားသမဂ္ဂအဆောက်အအုံကို လာမယ့် မတ်လကစပြီး မူလနေရာမှာ ပြန်လည်တည်ဆောက်သွားမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်က တိုင်းအစိုးရအဖွဲ့ရုံးမှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောခဲ့တာ ဖြစ်ပါတယ်။
“ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ရော ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ပါ မြန်မာနိုင်ငံ မှာ အားလုံးသိနေတဲ့ တကသ အဆောက်အအုံကြီးကို ပြန်လည်တည်ဆောက်ဖို့စတင်တော့မှာဖြစ် ပါတယ်။ ဘာကြောင့်လဲဆို အစိုးရအဖွဲ့သစ် စတင်တာဝန်ယူတဲ့ကာလ တနှစ်မပြည့်မီအတွင်းမှာ တကသကို တရားဝင်ထုတ်ပြန်ကြေညာတဲ့အနေနဲ့ တကသအဆောက်အအုံရှိရာနေရာမှာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မတ်လထဲမှာဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးမှာ မျှော်မှန်းမျှော်လင့်ခဲ့ကြတဲ့ ဒီအခြေအနေတွေအတွက် ပြည်သူလူထုရဲ့ မျှော်မှန်းချက်တွေ အတွက် ပြည်သူလူထုတရပ်လုံးက ကျောင်းသားသမဂ္ဂပြန်လည်တည် ဆောက်ရေးမှာ အားလုံးပါဝင်နိုင်ဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်”
၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက် ဗိုလ်ချုပ်နေ၀င်းရဲ့ တော်လှန်ရေးကောင်စီလက်ထက်မှာ ရန်ကုန်တက္ကသိုလ်ကျောင်း သားသမဂ္ဂအဆောက်အအုံ ဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။