သခင်ကို ပြန်လက်ဝှေ့ရမ်းပြသည့် ချစ်စရာ ပုတ်သင်ညို ရုပ်သံ ရေပန်းစား


by dvburma သခင်ကို ပြန်လည်လက်ဝှေ့ရမ်းပြတဲ့ ချစ်စရာ အိမ်မွေးပုတ်သင်ညိုလေးရဲ့ ရုပ်သံ ထွက်ပေါ်နေပြီး လူမှုကွန်ရက်စာမျက်နှာပေါ် ရေပန်းစားနေပါတယ်။ The Sun ရဲ့ သတင်းရုပ်သံဗွီဒီယိုမှာတွေ့ရပြီး အိန်ဂျယ်နယူးစ် အင်တာနက်စာမျက်နှာပေါ်မှာလည်း ဓာတ်ပုံတွေနဲ့သတင်းကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဖော်ပြထားပါတယ်။ ချစ်စရာ အယ်ဒူရင်လို့ခေါ်တဲ့ အိမ်မွေးပုတ်သင်ညိုလေးက ခုချိန်မှာ လူမှုကွန်ရက် ကျော်ကြားသူ တစ်ဦးဖြစ်နေပြီး သူ လက်ဝှေ့ရမ်းပြတဲ့ ရုပ်သံကို ကြည့်ရှုသူ သိန်းဂဏန်း ရှိနေတယ်လို့ သိရပါတယ်။ သခင်က ပုတ်သင်ညိုကို ထည့်ပြီးမွေးမြူထားတဲ့ လှောင်အိမ်ရှေ့မှာ ရပ်ပြီး နှုတ်ဆက်တဲ့အခါ ပုတ်သင်ညိုလေးက ပျော်ရွှင်နေပုံရပါတယ်။ အဲ့ဒီနောက် အမြန်တွားသွားလာပြီး သခင်ကို ပြန်လည် နှုတ်ဆက်နေတာပါ။ သခင်ဖြစ်သူ မီရှန်လီက သူ့အိမ်မွေး ပုတ်သင်ညိုလေးကို မနက်ခင်းတိုင်း လက်ဝှေ့ရမ်းပြီး “ဟယ်လို” လို့ နှုတ်ဆက်ကြောင်း၊ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ချစ်စရာ ပုတ်သင်လေးက သူ့ကို ပြန်လည် လက်ဝှေ့ရမ်းပြကြောင်း ပြောသွားတာပါ။ ကံကောင်းထောက်မစွာနဲ့ မီက ပုတ်သင်လေးရဲ့ ချစ်စဖွယ် ပြန်လည် လက်ဝှေ့ရမ်းပြတာကို ရုပ်သံနဲ့ မှတ်တမ်းတင်နိုင်ပြီး အင်တာနက်စာမျက်နှာပေါ် တင်လိုက်တာပါ။ ၁ နာရီအတွင်း ကြည့်ရှု့သူပေါင်း ခြောက်သိန်းတစ်သောင်းနှစ်ထောင်ကျော်ရှိပြီး တစ်သိန်းနှစ်သောင်းကျော်က မှတ်ချက်တွေ ရေးသားကြတာလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up