Home
မေးမြန်းခန်း
ရွေး​ကောက်ပွဲဝင်​ရေး​နဲ့​ ပါတီနိုင်ငံ​ရေး​ကို ဆန့်​ကျင်တာ မဟုတ်ဘူး
ရွှေအောင်
·
December 21, 2011
၈၈ မျိုး​ဆက်​ကျောင်း​သား​များ​အဖွဲ့​ဟာ ဒီ​နေ့​မနက်ပိုင်း​က ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ သွား​ရောက်​တွေ့​ဆုံပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ကို ဆက်လက် ဝန်း​ရံ​ထောက်ခံသွား​မယ့်​အ​ကြောင်း​ ​ဆွေး​နွေး​တင်ပြခဲ့​ကြပါတယ်။ [caption id="attachment_19035" align="alignright" width="300" caption="ကိုကိုကြီး (စမ်းချောင်း)"][/caption] ရန်ကုန်မြို့​ ​ရွှေဂုံတိုင်ရှိ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ရုံး​ခန်း​မှာ ၈၈ မျိုး​ဆက် ​ကျောင်း​သား​တွေဖြစ်တဲ့​ ကိုကိုကြီး​ (စမ်း​ချောင်း​)၊​ ကိုထွန်း​မြင့်​အောင်၊​ ကိုစိုး​ထွန်း​၊​ ကိုမြတ်သူ၊​ မမီမီလွင် တို့​ အပါအဝင် ၁၀ ဦး​ဟာ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​တွေ့​ဆုံခဲ့​ကြတာပါ။ ဆွေး​နွေး​ခဲ့​တဲ့​ အ​ကြောင်း​အရာ​တွေကို ကိုကိုကြီး​ (စမ်း​ချောင်း​) ကို ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။ “အဓိက အ​ကြောင်း​က​တော့​ ကျ​နော်တို့​ ထုတ်ခဲ့​တဲ့​ ၅ ရက်​နေ့​က ထုတ်ခဲ့​တဲ့​ ​ကြေညာချက်နဲ့​ ပတ်သက်ပြီး​တော့​ နည်း​နည်း​ သ​ဘောထား​အမြင်​လေး​တွေက တချို့​ ​ကောက်ယူတာ​လေး​တွေ လွဲ​နေတဲ့​ ကိစ္စ​လေး​တွေကို အဓိက ကျ​နော်တို့​က သွား​ရောက် ရှင်း​ပြခဲ့​တာ​ပေါ့​နော်။” ဘယ်လို လွဲ​နေတာလဲခင်ဗျ။ “တချို့​က အန်အယ်လ်ဒီနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ​ရွေး​ကောက်ပွဲကို ဆန့်​ကျင်တယ် မဝန်း​ရံဘူး​ဆိုတဲ့​ စကား​သံ​လေး​တွေ ထွက်လာတယ်​လေ။ အဲဒီအတွက် ဟိုး​အရင်ကတည်း​ကလည်း​ ကျ​နော်တို့​က အန်အယ်လ်ဒီအ​ပေါ် ​ထောက်ခံရင်း​နဲ့​ ​ထောင်​တွေ အကြိမ်ကြိမ် ကျခဲ့​ကြတယ်​ပေါ့​နော်။ အန်တီစုအ​ပေါ် ​ထောက်ခံရင်း​နဲ့​ ​ထောင်​တွေ အကြိမ်ကြိမ် ကျခဲ့​ကြတယ်။ အခုလည်း​ ဆက်လက်ဝိုင်း​ရံဆဲပါ။ အန်တီရဲ့​ ဒီမိုက​ရေစီလမ်း​ခရီး​မှာလည်း​ ကျ​နော်တို့​က ဆက်လက်ပြီး​တော့​ အင်ပြည့်​အား​ပြည့်​နဲ့​ ဆက်လက်ဝိုင်း​ရံပြီး​ ပူး​ပေါင်း​ပါဝင်သွား​မယ်ဆိုတဲ့​အ​ကြောင်း​ကို သွား​ရောက် ရှင်း​ပြကြတာပါခင်ဗျ။” ဦး​ကိုကိုကြီး​တို့​က ၈၈ မျိုး​ဆက်​ခေါင်း​ဆောင်​တွေ မလွတ်​သေး​တဲ့​အတွက် ​ရွေး​ကောက်ပွဲ မဝင်ဘူး​ဆိုတဲ့​ ​ကြေညာချက်ထုတ်ခဲ့​တာ မဟုတ်လား​ခင်ဗျ။ “ဟုတ်ပါတယ်ခင်ဗျ။” အဲဒါကို ဘယ်လိုသတင်း​တွေ ​ပေါက်ပြီး​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ဘယ်လို နား​လည်သွား​လို့​ သွား​ရှင်း​ပြတာလဲခင်ဗျ။ “ကျ​နော်တို့​ဒါကလည်း​ ပြန်ကြား​တာ​ပေါ့​နော်။ ကျ​နော်တို့​က ​ရွေး​ကောက်ပွဲ မဝင်ဘူး​၊​ အန်တီက ​ရွေး​ကောက်ပွဲလမ်း​ကြောင်း​ကို သွား​နေတယ်၊​ အဲဒီအတွက် လမ်း​ကြောင်း​ချင်း​ မတူလို့​ ဆန့်​ကျင်တယ် ဆိုတဲ့​ သ​ဘောမျိုး​တွေ ဖြစ်ကုန်တာ ​ပေါ့​ဗျာ။ အဲဒီဟာ​လေး​တွေကို ကျ​နော်တို့​က နည်း​နည်း​ ပြန်ပြီး​တော့​ ရှင်း​ပြတာပါ။ ကျ​နော်တို့​က ​ရွေး​ကောက်ပွဲ ဝင်​ရေး​နဲ့​ ပါတီနိုင်ငံ​ရေး​ကို ဆန့်​ကျင်တာ မဟုတ်ဘူး​။ ဒီဟာက ဒီမိုက​ရေစီနည်း​မှာ လိုအပ်တဲ့​ သွား​ရမယ့်​ ဖြတ်သန်း​ရမယ့်​ အဆင့်​တခု ဖြစ်တယ်ဆိုတာ လက်ခံတယ်။ ဒါ​ပေမယ့်​ လက်ရှိအ​ခြေအ​နေမှာ ကျ​နော်တို့​ရဲ့​ အ​ပေါင်း​အသင်း​တွေက ​ထောင်ထဲမှာ ​တော်​တော်များ​များ​ကျန်​နေကြ​သေး​တယ်။ ကျ​နော်တို့​ အမှုတွဲ ၃၇ ​ယောက်မှာ ၁၀ ​ယောက်လွတ်ပြီး​ ၂၇ ​ယောက် ကျန်​တော့​ ​လေး​ပုံပုံ သုံး​ပုံ​လောက် ကျန်​နေ​သေး​တယ်​ပေါ့​ဗျာ။ အဲဒီလို အ​နေအထား​မျိုး​မှာ ဒီလူ​တွေ လွတ်​မြောက်​ရေး​အတွက် အဓိက ​ဆောင်ရွက်​နေဖို့​အတွက် ကျ​နော်တို့​က ​ရွေး​ကောက်ပွဲ မဝင်တာပါဆိုပြီး​ ကျ​နော် ရှင်း​ပြခဲ့​တာပါ ခင်ဗျ။” အဲဒီ​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ဘယ်လိုတုံ့​ပြန်ပြီး​ ဘယ်လို ​ဆွေး​နွေး​ပါသလဲခင်ဗျာ။ “အဲဒီအ​ပေါ်ကို သူ့​အ​နေနဲ့​ နား​လည်နိုင်ပါတယ်တဲ့​။ ဒီဟာ​တွေကလည်း​ သူ့​အ​နေနဲ့​ကလည်း​ ဒီလူ​တွေ လွတ်​မြောက်​ရေး​အတွက်က နံပတ်တစ် ဦး​စား​ပေး​အ​နေနဲ့​ ဆက်လုပ်​နေတာ ​ပေါ့​နော်။ ကျ​နော်တို့​ရဲ့​ လုပ်ရပ်ကိုလည်း​ သူ့​အ​နေနဲ့​ နား​လည်ပါတယ် ဆိုပြီး​ အဲဒီလို ရှင်း​ပြပါတယ်ခင်ဗျ။” ဦး​ကိုကိုကြီး​တို့​ ၈၈ မျိုး​ဆက်​တွေကို ဘာများ​ မှာကြား​လိုက်တာ ရှိပါ​သေး​လဲခင်ဗျ။ “အခု အန်တီတို့​နဲ့​ ဘာ​တွေ ပူး​ပေါင်း​ဆောင်ရွက်ရမယ် ဆိုတဲ့​ ကိစ္စ​တွေ​ပေါ့​။ ဘာ​တွေ ပူး​ပေါင်း​ဆောင်ရွက်ရမလဲဆို​တော့​ ဒီပါတီမှတ်ပုံတင်ပြီး​ရင် ပြင်ဆင်မှု​တွေ အတွက်​ပေါ့​နော် ​ရွေး​ကောက်ပွဲ စည်း​မျဉ်း​ဥပ​ဒေ​တွေကို ကျယ်ကျယ်ပြန့်​ပြန့်​ နား​လည်​အောင်၊​ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေကို ပြည်သူလူထု ​အောက်​ခြေ လူတန်း​စား​အထိ ကျယ်ကျယ်ပြန့်​ပြန့်​ နား​လည်ရန် ကျ​နော်တို့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​တွေအ​နေနဲ့​ ပါဝင်ပြီး​တော့​ ပူး​ပေါင်း​ဆောင်ရွက်ကြဖို့​ ​ပေါ့​နော်။ ဥပမာ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ​တွေကို ပြင်ချင်တယ်ဆိုရင် ဘယ်ဥပ​ဒေ​တွေကို ဘာ​ကြောင့်​ မကြိုက်တာလဲ အဲဒါ​တွေကို ပြည်သူလူထုကြား​ထိ ​ရောက်​အောင် ကျယ်ကျယ်ပြန့်​ပြန့်​ ပူး​ပေါင်း​ဆောင်ရွက်သွား​ဖို့​ကို ကျ​နော်တို့​ကို မှာကြား​ပါတယ်။ ကျ​နော်တို့​ကလည်း​ ဒီမှာ အခုလို လွှတ်​တော်ထဲ ဝင်သွား​လို့​ရှိရင် ယခု လက်ရှိ ရှိ​နေတဲ့​ ဒိုင်ယာ​လော့​ကို ဆက်ပြီး​တော့​ ရှိမရှိ ဆိုတဲ့​ဟာကို ​မေး​ပါတယ်။ ​မေး​တော့​ အန်တီက​တော့​ လွှတ်​တော်တွင်း​ နိုင်ငံ​ရေး​လည်း​ ရှိ​နေမယ်၊​ ​နောက်ပြီး​တော့​ လွှတ်​တော်ပြင်ပမှာ ရှိတဲ့​ နိုင်ငံ​ရေး​ဖြစ်စဉ်​တွေကလည်း​ ဆက်ရှိ​နေမှာပဲ။ အဲဒီ နှစ်ခုက အခုထက် ပိုမိုကျယ်ပြန့်​လာပြီး​ ပူး​ပေါင်း​ဆောင်ရွက်သွား​မှာ ဖြစ်တဲ့​အတွက် ပိုမိုပြီး​တော့​ အား​ကောင်း​လာမယ် အဲဒီလို ​ပြောပါတယ်။” ၈၈ မျိုး​ဆက်​တွေ ​ရွေး​ကောက်ပွဲဝင်ဖို့​ကို​ရော အန်တီက တိုက်တွန်း​ပါ​သေး​လား​ခင်ဗျ။ “၈၈ မျိုး​ဆက်​တွေအ​နေနဲ့​က​တော့​ ဒီပါတီနိုင်ငံ​ရေး​မှာ ပူး​ပေါင်း​ပြီး​တော့​ ​ဆောင်ရွက်မယ် ဆိုရင်​တော့​ ပိုမိုအား​ကောင်း​လာနိုင်ပါတယ် ဆိုပြီး​တော့​ သူ့​အ​နေနဲ့​က​တော့​ ​ပြောပါတယ်ခင်ဗျ။” ဒီ​နေ့​ ​တွေ့​ဆုံပွဲနဲ့​ ပတ်သက်ပြီး​ ​ပြောလိုတာ ရှိရင်လည်း​ ​ပြော​ပေး​ပါဦး​။ “အကျဉ်း​သား​ လွတ်​မြောက်​ရေး​နဲ့​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ ကိစ္စ​တွေလည်း​ ကျ​နော်တို့​ ​မေး​ခဲ့​ပါတယ်ခင်ဗျ။ ​ဆွေး​နွေး​ဖြစ်ခဲ့​တယ်​ပေါ့​နော်။ အန်တီကို အကျဉ်း​သား​လွတ်​မြောက်​ရေး​ ကိစ္စကို ကျ​နော်တို့​ ​မေး​တော့​ အန်တီက​တော့​ လွတ်မှာပါတဲ့​။ အန်တီ အဲဒီ​လောက်ပဲ ​ပြောပါရ​စေ ဆိုပြီး​တော့​ သူက အဲဒီလိုပဲ ​ဖြေခဲ့​ပါတယ်။ ​နောက် တိုင်း​ရင်း​သား​ အ​ရေး​ကိစ္စ​တွေနဲ့​ ပတ်သက်ပြီး​တော့​ ကျ​နော်တို့​ ဘယ်လို ပူး​ပေါင်း​ပါဝင် ​ဆောင်ရွက်ပြီး​တော့​ အန်တီကို ဘယ်လိုကူညီရမလဲ၊​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ ရရှိ​ရေး​အတွက် ဘယ်လို​ဆောင်ရွက်မလဲ​ပေါ့​။ အန်တီအ​နေနဲ့​က​တော့​တဲ့​ တိုင်း​ရင်း​သား​အ​ရေး​တွေကို အမြဲတမ်း​စိတ်ဝင်စား​ပြီး​တော့​ ဦး​စား​ပေး​အ​နေနဲ့​ လုပ်​ဆောင်​နေပါတယ်​ပေါ့​နော်၊​ တိုင်း​ရင်း​သား​အား​လုံး​ဟာ တန်း​တူညီမျှ ရှိ​စေရပါမယ်၊​ ရှိနိုင်တဲ့​ အ​နေအထား​ထိ​ရောက်​အောင်လည်း​ ကြိုး​စား​ပါ့​မယ် ဆိုတဲ့​ဟာမျိုး​ ကျ​နော်တို့​ကို ​ပြောခဲ့​ပါတယ်ခင်ဗျ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024