အာစင်ဝင်းဂါး စာချုပ်သက်တမ်းတိုးမြှင့်ရေး ရာသီကုန်မှ ဆုံးဖြတ်မည်

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးအနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ရေးကိစ္စကို ရာသီကုန်မှ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ အာဆင်နယ် နည်းပြအာစင်ဝင်းဂါးဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီအစပိုင်းမှာ အာဆင်နယ်ဘုတ်အဖွဲ့က စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းထားပေမယ့် အာစင်ဝင်းဂါးက ပယ်ချထားပြီး ရာသီကုန်ဆုံးချိန်မှာ ဆွေးနွေးသွားမယ်လို့သိရပါတယ်။ အာစင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားထိပ်ဆုံးက ချဲလ်ဆီးအသင်းနဲ့ အမှတ်ပြတ်နေသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း  ဘိုင်ယန်မြူးနစ်အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့အတွက် နည်းပြအာစင်ဝင်းဂါးရဲ့ အနာဂတ်ဟာလည်း မရေမရာဖြစ်လာတပါ။ ပရိသတ်တချို့ကလည်း အာစင်ဝင်းဂါးနုတ်ထွက်သွားဖို့ဆန္ဒရှိနေပြီး အက်သလက်တီကိုနည်းပြ ဆီမြွန်နီက အာစင်နယ်နည်းပြဖြစ်လာဖို့ ရေပန်းစားနေပါတယ်။ အသက် ၆၇ နှစ်ရှိ ပြင်သစ်နိုင်ငံသား အာစင်ဝင်းဂါးဟာ ၁၉၉၆ ခုနှစ်ကတည်းက အာစင်နယ်အသင်းကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး သူကိုင်တွယ်လာတဲ့ နှစ် ၂၀ ကျော်ကာလအတွင်းမှာ ပရီးမီးယားလိဂ် ဖလား ၃ ကြိမ်၊ အက်ဖ်အေဖလား ၆ ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၆ ကြိမ်ရရှိအောင် စွမ်းဆောင်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up