Home
မြန်မာသတင်း
ပန်းဘဲတန်းမြို့နယ်တွင်း အမှိုက်ပုံတခုတွင် ကျည်ဘောက်များ တွေ့ရှိ
DVB
·
February 17, 2017
ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် လမ်း ၃၀  အပေါ်ဘလောက်က အမှိုက်ပုံတခုမှာ ကျည်ဘောက်တွေ တွေ့ရှိခဲ့ပါတယ်။ ဒီနေ့မနက် ၁၀ နာရီကျော်လောက် တာဝန်သိပြည်သူတယာက်ရဲ့ အသိပေးချက်အရ သွားရောက်စစ်ဆေးရာမှာ လက်နက်နဲ့ ဆက်စပ်တဲ့ ကျည်ဘောက်တွေ တွေ့ရှိတာလို့ ပန်းဘဲတန်းမြို့နယ်ရဲစခန်းက ရဲအုပ် စောကိုကိုလင်းက ပြောပါတယ်။ “လက်နက်မဟုတ်ဘူး အစ်မ၊ ဆက်စပ်ပစ္စည်းဗျာ။ အသုံးပြုလို့ မရတဲ့ ပစ္စည်းကျည်ဘောက်တွေပဲ တွေ့တာဗျာ။ ၅ ခုလောက် တွေ့တယ်ဗျာ။ သူက ပိုင်ရှင်မဲ့ဖြစ်နေတဲ့အတွက် ပိုင်ရှင်မပေါ်သေးတဲ့အတွက် အရေးယူလို့ မရသေးဘူး။” ဒီနေ့ မနက်ပိုင်းက ပန်းဘဲတန်းမြို့နယ် အနော်ရထာလမ်းနဲ့ လမ်း ၃၀ ထောင့်အနီး လက်နက်တွေ့တယ်ဆိုတဲ့ သတင်းတွေထွက်တဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်လန့်ခဲ့ကြရပါတယ်။ ရဲအုပ်စောကိုကိုလင်းကတော့ စိုးရိမ်စရာမရှိကြောင်းနဲ့ ဒီပစ္စည်းတွေ သံချေးတက်နေတဲ့ ကျည်ဘောက်တွေသာဖြစ်ကြောင်းလည်း ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024