သင်းခွေချပ်ဟင်းလျာကို လူမှုကွန်ရက်စာမျက်နှာပေါ် တင်ခဲ့သည့် အမျိုးသမီး ဖမ်းဆီးခံရ (ရုပ်သံ)

မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ သင်းခွေချပ်တကောင်အား ချက်ပြုတ်ထားတဲ့ ဟင်းလျာကို ဝေဘို အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ပြန်လည်မျှဝေခဲ့တဲ့ တရုတ်အမျိုးသမီးတဦးကို ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ စီဂျီတီအန်သတင်းမှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဖော်ပြပါတယ်။ ခုလိုဖမ်းဆီးမှုဟာ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးအုပ်စုတွေနဲ့ အများပြည်သူကြား ကန့်ကွက်ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပြီးတဲ့နောက်မှာ အရေးယူနိုင်ခဲ့တာပါ။ ဇမ်ဖမ်ဒီဒူယိုဒူယိုအမည်နဲ့ ဝေဘိုအသုံးပြုသူ အမျိုးသမီးဟာ သင်းခွေချပ်၊ မြွေ၊ ငန်း၊ ဇီးကွက် အစရှိတဲ့ သတ္တဝါတွေကို ချက်ပြုတ်စားသောက်ပြီး သူ့ရဲ့ စာမျက်နှာပေါ်ကတဆင့် မျှဝေနေခဲ့တာပါ။ လူသိများဝေဖန်မှုတွေ မြင့်တက်လာခဲ့ချိန်မှာတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ စားသောက်ဆိုင်စားပွဲတွေပေါ် ခုလို ရှားပါးတိရစ္ဆာန်မျိုးစိတ်တွေဖြစ်တဲ့ သင်းခွေချပ်ဟင်းလျာတွေ ရောက်ရှိနေခဲ့ပြီလားဆိုတာ စုံစမ်းစစ်ဆေးစရာတခု ဖြစ်လာခဲ့ပါတယ်။ သင်းခွေချပ်ရဲ့အသားဟာ အရသာရှိပြီး သူ့ရဲ့အကြေးခွံကတော့ ဆေးဖက်ဝင်တဲ့အတွက် ဟင်းလျာအဖြစ် စားသောက်မှု မြင့်တက်လာနေခဲ့ပြီးနောက် တရုတ်နိုင်ငံတွင်းကို တရားမဝင် မှောင်ခိုတင်သွင်းမှုတွေ ရှိလာခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up