Home
မြန်မာသတင်း
ကော့သောင်းဆိုင်ကယ်ကယ်ရီဂိတ်၌ အရက်သောက်ရင်းစကားများရာက လူသတ်မှုဖြစ်
DVB
·
February 17, 2017
  တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက် ဆိုင်ကယ်ကယ်ရီဂိတ်မှာ ဖေဖော်ဝါရီ ၁၆ ရက် ည ၁၁ နာရီခွဲလောက်က  လူသတ်မှု တခုဖြစ်ပွားခဲ့ပါတယ်။ ရွှေဇင်ယော်ရပ်ကွက် ဆိုင်ကယ်ကယ်ရီဂိတ် အုတ်ခုံပေါ်မှာ မျိုးလွင်နဲ့ စိုးမိုးကျော်တို့နှစ်ဦး အရက်ထိုင်သောက်နေရင်း စကားအခြေအတင်များကြရင်း စိုးမိုးကျော်က မျိုးလွင်ကို ဓားနဲ့ထိုးတာကို ဆံရှည်ဆိုတဲ့သူက တွေ့ပြီး ရာအိမ်မှူး ဦးအောင်ဒင်ကို သွားရောက်အကြောင်းကြားပြီး ဒဏ်ရာနဲ့လဲနေတဲ့ မျိုးလွင် ၅၄ နှစ်ကို ဆေးရုံ ပို့ဆောင်ချိန် လမ်းမှာသေဆုံးသွားခဲ့တာပါ။ အမှုပတ်သက်ပြီး တရားခံစိုးမိုးကျော် ၂၁ နှစ်ကို ကော့သောင်းမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၃၀၂ နဲ့ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။ သတင်း - လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024