A d v e r t i s e m e n t With Us

အင်တာနက်​ပေါ်မှ ​ခွေး​ငယ်ကို နှိပ်စက်တဲ့​ ဗီဒီယိုကိုကြည့်​ပြီး​ မ​လေး​ရှား​ ​ခွေး​ချစ်သူများ​ ​ဒေါသထွက်

အ​မွေး​စုတ်ဖွား​ ​ခွေး​လေး​တ​ကောင်ကို အမျိုး​မျိုး​နှိပ်စက်ထား​တဲ့​ ဗီဒီယိုကို အင်တာနက်​ပေါ်မှာ မကြာ​သေး​ခင်က ကြည့်​ရှူ လိုက်ရတာ​ကြောင့်​ မ​လေး​ရှား​နိုင်ငံက တိရိစ္ဆာန်ချစ်သူ​တွေ စိတ်ဆိုး​ဒေါသထွက်​နေကြပါတယ်။ ​ခွေး​ကို နှိပ်စက်ညှဉ်း​ဆဲ​နေတဲ့​ ၁၅ မိနစ်စာ ဗီဒီယိုမြင်ကွင်း​ကို လူမှုကွန်ယက်မီယာ​တွေဖြစ်တဲ့​ ​ဖေ့​စ်ဘွတ်နဲ့​ တွစ်တာ​ပေါ်မှာ တင်ထား​ပါတယ်။ ဒီဗီဒီယိုကို မ​ကျေနပ်မှု​တွေ​ကြောင့်​၊​ မ​လေး​ရှား​မှာ တိရိစ္ဆာန်အခွင့်​အ​ရေး​ လှုပ်ရှား​မှု​တွေ မြင့်​မား​လာ​ကြောင်း​ သတင်း​ထောက် ‘ကလဲရန့်​ ချွာ’(Clarence Chua) က သတင်း​ပေး​ပို့​ထား​ပါတယ်။ ဒီဘာသာပြန် သတင်း​ဆောင်း​ပါး​ကို ရဲမြင့်​ကျော်က ဘာသာပြန်ပြီး​ ယုယမိုး​က စီစဉ်တင်ဆက်ထား​တာဖြစ်ပါတယ်။ အသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up