Homeမြန်မာသတင်း
မင်းတပ်စည်ပင်ဈေး မီးဘေးသင့်ဆိုင်ခန်းများကို ပြည်ထောင်စုသီးသန့်ရန်ပုံငွေဖြင့် ပြန်ဆောက်မည်
မင်းတပ်စည်ပင်ဈေး မီးဘေးသင့်ဆိုင်ခန်းများကို ပြည်ထောင်စုသီးသန့်ရန်ပုံငွေဖြင့် ပြန်ဆောက်မည်
နေဖြိုးဝင်း
·
February 16, 2017
ဖေဖော်ဝါရီလ ၁၅ ရက်နေ့က အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ချင်းပြည်နယ် မဲဆန္ဒနယ်က ဦးမာန်လောမောင်း မေးမြန်းတဲ့ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မင်းတပ်စည်ပင်ဈေးမှာ မီးဘေးသင့်ဆိုင်ခန်းပေါင်း ၄၁ ခန်းကို နိုင်ငံတော်ဘက်ဂျက်ကနေ ပြည်လည်တည်ဆောက်ပေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးခွန်းနဲ့ပတ်သက်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အခုလို ပြန်လည်ဖြေဆိုတာဖြစ်ပါတယ်။
“အခုကိစ္စရပ်ဟာ သဘာဝဘေးအန္တရာယ်အတွက် အသုံးစရိတ်ဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ သုံးစွဲနိုင်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ သီးသန့်ရန်ပုံငွေက သုံးစွဲရမယ့် လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်ဆောင်ရွက်နေပါတယ်”လို့ ဦးမောင်မောင်ဝင်းက ဆိုပါတယ်။
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ မင်းတပ်စည်ပင်ဈေးရဲ့ ဆိုင်ခန်းပေါင်း ၄၁ ခန်း မီးဘေးသင့်ခဲ့တာ ဖြစ်ပါတယ်။ မီးဘေးသင့်ဆိုင်ခန်းတွေ ပြန်လည်တည်ဆောက်ဖို့ သီးသန့်ရန်ပုံငွေ ကနေ ကျပ် ၃၁၅ ဒသမ ၈၀၀ သန်းထောက်ပံ့ပေးဖို့အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့တင်ပြချက်ကို ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုခဲ့ပြီးဖြစ်တယ်လို့လည်း ပြောပါတယ်။