Homeအာရှဒေသ
ဘင်္ဂလားဒေ့ရှ်မှာ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက် ပေးခံရတဲ့ မိန်းကလေးများ သတ်သေမှုဖြစ်
ဘင်္ဂလားဒေ့ရှ်မှာ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက် ပေးခံရတဲ့ မိန်းကလေးများ သတ်သေမှုဖြစ်
DVB
·
December 15, 2011
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေး ခံရမှုတွေကြောင့်အသက်ဆုံးရှုံးမှုတွေ အထိ ဖြစ်လာနေပါတယ်။ လူ့အခွင့်အရေးအုပ်စုတွေရဲ့ ပြောဆိုချက်အရ ဒီနှစ်ထဲမှာ ဘင်္ဂလားဒေ့ရှ်က အမျိုးသမီး ၂၈ ယောက်ဟာ မကြာခဏ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခံရမှုကနေ လွတ်မြောက်ဖို့ကြိုးစားရင်း သတ်သေသွားပါတယ်။ သူတို့ကိုယ် သူတို့ သတ်မသေခင်မှာ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးမှုတွေကို သက်ဆိုင်ရာက တားဆီးဖို့ စာရေးပြီး တောင်းဆိုခဲ့ပါတယ်။ လမ်းပေါ် သွားလာနေတဲ့ မိန်းကလေးတွေကို ယောကျာ်းလေးတွေက အတင်းဝင်ဆွဲတာ၊ မဖွယ်မရာ ညစ်တီးညစ်ပတ် စကားနဲ့ အော်ဟစ်လှောင်ပြောင်တာ၊ မတော်တရော် ကိုယ်ထိလက်ရောက် ပြုလုပ်တာတွေကို တားဆီးပေးဖို့ သတ်မသေခင် ရေးထားခဲ့ကြပါတယ်။ ဒီအကြောင်းကို ဘင်္ဂလားဒေ့ရှ်မှ သတင်းထောက် Farzana Rupa က သတင်းပေးပို့ထားတာပါ။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ရဲမြင့်ကျော်က ဘာသာပြန်ပြီး ယုယမိုးက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။ အသံဖိုင်မှာနားဆင်နိုင်ပါတယ်။