A d v e r t i s e m e n t With Us

ဘင်္ဂလား​ဒေ့​ရှ်မှာ လိင်ပိုင်း​ဆိုင်ရာ အ​နှောင့်​အယှက် ​ပေး​ခံရတဲ့​ မိန်း​က​လေး​များ​ သတ်​သေမှုဖြစ်

ဘင်္ဂလား​ဒေ့​ရှ်နိုင်ငံမှာ အမျိုး​သမီး​များ​အ​ပေါ် လိင်ပိုင်း​ဆိုင်ရာ အ​နှောင့်​အယှက်​ပေး​ ခံရမှု​တွေ​ကြောင့်​အသက်ဆုံး​ရှုံး​မှု​တွေ အထိ ဖြစ်လာ​နေပါတယ်။ လူ့​အခွင့်​အ​ရေး​အုပ်စု​တွေရဲ့​ ​ပြောဆိုချက်အရ ဒီနှစ်ထဲမှာ ဘင်္ဂလား​ဒေ့​ရှ်က အမျိုး​သမီး​ ၂၈ ​ယောက်ဟာ မကြာခဏ လိင်ပိုင်း​ဆိုင်ရာ ​နှောင့်​ယှက်​စော်ကား​ခံရမှုက​နေ လွတ်​မြောက်ဖို့​ကြိုး​စား​ရင်း​ သတ်​သေသွား​ပါတယ်။ သူတို့​ကိုယ် သူတို့​ သတ်မ​သေခင်မှာ လိင်ပိုင်း​ဆိုင်ရာ အ​နှောင့်​အယှက်​ပေး​မှု​တွေကို သက်ဆိုင်ရာက တား​ဆီး​ဖို့​ စာ​ရေး​ပြီး​ ​တောင်း​ဆိုခဲ့​ပါတယ်။ လမ်း​ပေါ် သွား​လာ​နေတဲ့​ မိန်း​က​လေး​တွေကို ​ယောကျာ်း​လေး​တွေက အတင်း​ဝင်ဆွဲတာ၊​ မဖွယ်မရာ ညစ်တီး​ညစ်ပတ် စကား​နဲ့​ ​အော်ဟစ်​လှောင်​ပြောင်တာ၊​ မ​တော်တ​ရော် ကိုယ်ထိလက်​ရောက် ပြုလုပ်တာ​တွေကို တား​ဆီး​ပေး​ဖို့​ သတ်မ​သေခင် ​ရေး​ထား​ခဲ့​ကြပါတယ်။ ဒီအ​ကြောင်း​ကို ဘင်္ဂလား​ဒေ့​ရှ်မှ သတင်း​ထောက် Farzana Rupa က သတင်း​ပေး​ပို့​ထား​တာပါ။ ဒီဘာသာပြန် သတင်း​ဆောင်း​ပါး​ကို ရဲမြင့်​ကျော်က ဘာသာပြန်ပြီး​ ယုယမိုး​က စီစဉ်တင်ဆက်ထား​တာ ဖြစ်ပါတယ်။ အသံဖိုင်မှာနား​ဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up