ဘိုင်ယန်ကို ဂိုးပြတ်ရှုံးပြီးနောက် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး အနာဂတ် မသေချာ

ဓာတ်ပုံ - ရိုက်တာ
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ဘိုင်ယန်မြူးနစ် အိမ်ကွင်းမှာ ၅ ဂိုး ၁ ဂိုးနဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် နည်းပြ အာစင်ဝင်းဂါးရဲ့ အနာဂတ်ဟာ မသေချာတော့ဘူးလို့ ဘောလုံးခန့်မှန်းသူတွေက ဝေဖန်ပြောဆိုနေကြပါတယ်။ အသင်းကနေ အာစင်ဝင်းဂါး ထွက်ခွာသင့်ပြီလို့လည်း ဆိုနေကြတာပါ။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ၁၂ နှစ်တာကာလအတွင်း အက်ဖ်အေဖလား ၂ လုံးသာ ရရှိခဲ့ပြီး ပရီးမီးယားလိဂ်ဖလား မရရှိတာလည်း ဆယ်စုနှစ်တစ်နှစ်စာ ကြာမြင့်နေပြီ ဖြစ်ပါတယ်။ ဘောလုံးခန့်မှန်းသုံးသပ်သူတဦးကတော့ အာစင်ဝင်းဂါးကို အသင်းကနေထွက်ခွာဖို့ တခါမှ မပြောခဲ့ဖူးပါဘူး။ ဒါပေမယ့် ခုအချိန်ကတော့ အသင်းက ပြောင်းလဲဖို့ လိုအပ်နေခဲ့ပါပြီလို့ ဆိုပါတယ်။ အာဆင်နယ်အသင်းဟာ ပထမပိုင်းမှာ ဘိုင်ယန်မြူးနစ်ကို ၁ ဂိုးစီ သရေကျအောင် ကစားနိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာတော့ ကစားပုံ သိသိသာသာ ဆိုးရွားခဲ့ပြီး ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတာပါ။ အာဆင်နယ်အသင်းဟာ အခုရာသီ ပရီးမီးယားလိဂ်မှာလည်း ထိပ်ဆုံးက ချဲလ်ဆီးအသင်းနဲ့ ၁၀ မှတ်ကွာဟနေသလို ချန်ပီယံလိဂ်မှာလည်း အခုလို ရှုံးနိမ့်ခဲ့တာကြောင့် ဖလားမျှော်လင့်ချက်မဲ့တဲ့ အခြေအနေ ဖြစ်သွားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up