နယူးဇီလန်တောမီး ရဟတ်ယာဉ်များဖြင့် ငြှိမ်းသတ်၊ ဒေသခံများ အရေးပေါ်ပြောင်းရွှေ့ (ရုပ်သံ)

နယူးဇီလန်နိုင်ငံ ခရစ်ချတ်မြို့အနီးက ပို့တ် ဟီးလ် (Port Hills) ဒေသမှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့က တောမီးလောင်ကျွမ်းတာကြောင့် ဒေသခံလူတချို့ကို အရေးပေါ် နေရာပြောင်းရွှေ့လိုက်ပါတယ်။ နယူးဇီလန်အစိုးရက အခင်းဖြစ်ဖြစ်ချင်းမှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး တောမီးကို အမြန်ငြှိမ်းသတ်နိုင်ရေးအတွက် ရဟတ်ယာဉ်တွေ အသုံးပြုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မီးကို ထိန်းချုပ်နိုင်ခဲ့ပြီး အရေးပေါ်အခြေအနေ ကြေညာချက်ကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။ တောမီးကြောင့် အရေးပေါ် နေရာရွှေ့ပြောင်းခဲ့ရတဲ့ ဒေသခံတဦးက ပြောင်းရွှေ့မှုကြောင့် တညလုံး အလုပ်များခဲ့ကြောင်းနဲ့ အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေကြောင်း ပြောပြသွားပါတယ်။ အနီးအနားမြို့မှာ နေထိုင်သူ အမျိုးသမီးတဦးကလည်း တောမီးလောင်မှုက စိတ်ပျက်စရာကောင်းကြောင်းနဲ့ ကန်တာဘူရီဒေသက လူတွေအပေါ် စာနာကြောင်း ပြောပြသွားပါတယ်။ ဒီတောမီးကြောင့် ဒေသခံ အယောက် ၂၀၀ ကနေ ၃၀၀ အကြား ပြောင်းရွှေ့ထားရကြောင်း ဒေသဆိုင်ရာ အသံလွှင့်ဌာန တီဗွီအန်ဇက် (TVNZ) ကို ကိုးကားပြီး ဒီကနေ့ နယူးဇီလန်က ပေးပို့တဲ့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up