Live
Home
မြန်မာသတင်း
ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး၏ အန္တိမဈာပနအခမ်းအနား ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြုလုပ်မည်
DVB
·
February 15, 2017
မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် မဟာဝိသုဒ္ဓါရုံကျောင်းတိုက် ရွှေကျင်သာသနာပိုင် ဝါဆိုကျောင်း ဆရာတော်ဘုရားကြီးရဲ့ အန္တိမ ဈာပနအခမ်းအနားကို ဖေဖော်ဝါရီ ၁၈ ရက် နေ့လယ် ၁၂ နာရီအချိန်မှာ စတင်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို ဆယ်ဘီးကား ဒေါင်းယာဉ်နဲ့ သယ်ဆောင်ပြီး မန္တလေး တောင်ခြေ ရွှေမန်းတောင်အားကစားကွင်းမှာ အန္တိမဈာပန သာဓုကီဠနပူဇော်ပွဲ ကျင်းပပြုလုပ် သွားမှာပါ။ ဒီနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ သီတဂူဆရာတော်ဘုရားကြီးရဲ့ သြဝါဒအတိုင်း အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဦးဆောင်ပြီး ဆရာတော်ကြီးရဲ့ဈာပန ကျင်းပပြုလုပ်ဖို့ စီစဉ်နေကြပါတယ်။ သတင်း၊ ဓာတ်ပုံ - အောင်အောင်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024