မောင်းသူမဲ့ ကောင်းကင်ဒရုန်း တက္ကဆီယာဉ်များ လာတော့မည် (ရုပ်သံ)

ဒူဘိုင်းမှာ ပုံမှန်ရုံးတက်ရုံးဆင်း လှုပ်ရှားကြသူတွေနဲ့ နိုင်ငံတွင်း လာရောက်လည်ပတ်ကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို မောင်းသူမဲ့ ကောင်းကင်ဒရုန်း တက္ကဆီယာဉ်တွေနဲ့ မကြာခင်မှာ ဝန်ဆောင်မှုပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ပထမဆုံး မောင်းသူမဲ့ ဒရုန်းတက္ကဆီယာဉ်ကို လာမယ့် ဇူလိုင်လအစောပိုင်းမှာ ပုံမှန် စတင်အသုံးပြုနိုင်လိမ့်မှာဖြစ်တယ်လို့ သည်ဆန်းသတင်းတပုဒ်မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဖော်ပြပါတယ်။ ဘဲဥပုံသဏ္ဌာန် ဒီဒရုန်းတက္ကဆီယာဉ်ကို EHang 184 လို့ အမည်ပေးထားပြီး ဒီယာဉ်ပေါ်မှာ လူတဦးနဲ့ အိတ်တလုံး သယ်ဆောင်နိုင်မှာဖြစ်ကာ တကြိမ်မှာ မိနစ် ၃၀ ထိ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလိုပျံသန်းနေချိန်မှာတော့ မြေပြင်အခြေစိုက် ထိန်းချုပ်စခန်းကနေ တချိန်လုံး စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။ ဒီယာဉ်ကို အသုံးပြုပြီး တနာရီကို ၆၃ မိုင်ခရီးထိ သွားနိုင်မှာဖြစ်ကာ ပြန်လည်အသုံးပြုနိုင်ဖို့ အားသွင်းချိန်က ၂ နာရီကြာမြင့်မှာပါ။ အသုံးပြုလိုသူတွေအနေနဲ့တော့ Uber နဲ့ဆင်တူတဲ့ အပလီကေးရှင်းတခုကနေ ကြိုတင်စာရင်းသွင်းထားရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up