၆၆(ဃ)နှင့် တရားစွဲဆိုခံထားရသည့် ဦးမျိုးရန်နောင်သိန်းကို တရားရုံးတွင် ပြန်လည်စစ်ဆေး
DVB
·
February 15, 2017
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံထားရတဲ့ ဦးမျိုးရန်နောင်သိန်းအတွက် လျှောက်လွှဲချက်ကို နှစ်ဖက်ရှေ့နေနှစ်ဦးက ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ကမာရွတ်မြို့နယ် တရားရုံးမှာ တင်ခဲ့တာဖြစ်ပြီး မြို့နယ်တရားသူကြီးက စွဲချက်ကို လက်ခံခဲ့တဲ့အတွက် ကမာရွတ်မြို့နယ် တရားရုံးမှာ ပြန်ခေါ်သက်သေတွေကို ပြန်လည်စစ်ဆေးခဲ့ပါတယ်။
လျှောက်လွှဲချက်တင်ခံခဲ့ရတဲ့အတွက် ဦးမျိုးရန်နောင်သိန်းရဲ့ အကျိုးဆောင်ရှေ့နေမှ အနောက်ပိုင်းခရိုင်တရားရုံးကို စွဲချက်ပြန်လည်ဖျက်ပေးဖို့ ထပ်မံလျှာက်ထားခဲ့ပါတယ်။
ပြန်ခေါ်သက်သေစစ်ဆေးဖို့ ရုံးချိန်းကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ချိန်းဆိုထားပေမယ့် အနောက်ပိုင်းခရိုင်တရားရုံးက အမှုတွဲလက်ခံခဲ့တဲ့အတွက် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မနက် ၁၀ နာရီမှာ အနောက်ပိုင်းခရိုင်တရားရုံးမှာ နှစ်ဖက်ရှေ့နေတွေ လျှောက်လွှဲချက်ပေးရမှာ ဖြစ်ပါတယ်။
ကမာရွတ်မြို့နယ် တရားရုံးမှာ အမှုတွဲမရှိတော့တဲ့အတွက် အနောက်ပိုင်းခရိုင်တရားရုံးမှာ ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ - စိုးယုဇော်