Home
မြန်မာသတင်း
ဘိန်းဖြူနှင့်စိတ်ကြွဆေးပြား သိန်း ၃၆၀၀ ကျော်ဖိုး မိုးညှင်းတွင် ဖမ်းမိ
DVB
·
February 15, 2017
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင် စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီ ၁၄ ရက် မနက် ၁ နာရီ ၁၅ မိနစ်အချိန်က မူးယစ်ဆေးဝါးများသယ်ဆောင်လာတဲ့ မော်တော်ယာဉ်တစီးပေါ်က ကာလတန်ဖိုး ၃၆၃၉၆၀၀၀၀ ကျပ် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ကြောင်း မိုးညှင်းမြို့မရဲစခန်းက သိရပါတယ်။ မိုးညှင်းမြို့မရဲစခန်းက ရဲအုပ်ဝင်းကိုကိုနဲ့ တပ်ဖွဲ့ဝင်တွေက မြို့ဝင် စစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များကို စစ်ဆေးမှုများ ပြုလုပ်နေချိန် ယာဉ်မောင်း တင်မိုးလင်း မောင်းနှင်ပြီး မောင်လဆန် လိုက်ပါလာတဲ့ ယာဉ်အမှတ်(MDY 2L/6887) MARK II အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ ကားနောက်ဖုံးအတွင်း သယ်ဆောင်လာသော ခရီးဆောင်အိတ် နှစ်လုံးအတွင်းတွင် ကြွပ်ကြွပ်အိတ်အနက်ရောင်နဲ့ ထုပ်ပိုးထားတဲ့ အိတ်အတွင်းတွင် ဆပ်ဟြခွက် တခွက်လျင်ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူ/ဝါမှုန့် အလေးချိန် ၁၂ ဂရမ်စီပါ ရောင်စုံဆပ်ဟြခွက် ၂၁၉ ခွက်၊ စုစုပေါင်း အလေးချိန် ၂၆၂၈ ဂရမ်ခန့် စုစုပေါင်းကာလတန်ဖိုး (၁၈၃၉၆၀၀၀၀) ကျပ် နဲ့ အဟြရောင် ကပ်ခွာအိတ်အတွင်းတွင် 88/1 စာတန်းပါ စိတ်ကြွဆေးပြား ၆၀၀၀၀၊ ကာလတန်ဖိုး (၁၈၀၀၀၀၀၀၀)ကျပ်၊ ပေါင်းဘိန်းဖြူ နဲ့ စိတ်ကြွဆေးပြား စုစုပေါင်း တန်ဖိုး (၃၆၃၉၆၀၀၀၀)ကျပ် ကို ဖမ်းဆီး ရမိခဲ့တာပါ။ တင်မိုးလင်းနဲ့ မောင်လဆန်တို့ရဲ့ ထွက်ဆိုချက်များအရ အဆိုပါပစ္စည်းတွေဟာ ဒီးလာ(ခ)ခေါလာ ဆိုသူက ပြင်ဦးလွင်-မိုးကုတ်လမ်း မိုးလုံးကျေးရွာအနီးက မော်တော်ယာဉ်ကို ၁၃ သိန်းနဲ့ ငှားရမ်းပြီး  မြစ်ကြီးနားမြို့ကို ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ တင်မိုးလင်း၊ မောင်လဆန် နဲ့ ဒီးလာ(ခ)ခေါလာ (စုံစမ်းဆဲ) တို့ကို အားမိုးညှင်းမြို့မရဲစခန်းက မယ(ပ)၂၅/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉ (က)/၂၀(က)/၂၁ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ကိုကျော် (အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024