ဘိုင်ယန်မြူးနစ်ကို ကျော်ဖြတ်နိုင်စွမ်းရှိဟု အာဆင်နယ်နောက်ခံလူ မူစတာဖီ ပြော

ဓာတ်ပုံ - ရိုက်တာ
ဘိုင်ယန်မြူးနစ်အသင်းဟာ ထိပ်တန်းအသင်းတသင်းဖြစ်ပေမယ့် အနိုင်ယူ ကျော်ဖြတ်နိုင်စွမ်းရှိတယ်လို့ အာဆင်နယ်နောက်ခံလူ မူစတာဖီက ပြောကြားလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ လာမယ့် ဖေဖော်ဝါရီ ၁၆ ရက်မှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်တွေမှာ ဘိုင်ယန်မြူးနစ်အသင်းဟာ အာဆင်နယ်ကို ကျော်ဖြတ်ခဲ့တဲ့နှစ်တွေ ရှိခဲ့တာကြောင့် ဒီနှစ်မှာလည်း ခက်ခဲဦးမှာဖြစ်တယ်လို့ မူစတာဖီက ဆိုပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်အသင်းတွေနဲ့ ကစားခဲ့တဲ့ပွဲတွေလို အာရုံစူးစိုက်မူ အပြည့်နဲ့ ကစားမယ်ဆိုရင် ဘိုင်ယန်မြူးနစ်အသင်းကို ကျော်ဖြတ်နိုင်တယ်လို့ မူစတာဖီက ဆိုပါတယ်။ ဂျာမနီလက်ရွေးစင်တဦးဖြစ်တဲ့ မူစတာဖီဟာ ဒီနှစ်ဘောလုံးရာသီ အာဆင်နယ်အသင်း ခံစစ်မှာ ပုံမှန်ခြေစွမ်းပြသနေပြီး လက်ရွေးစင်အသင်းဖော်တွေရှိတဲ့ ဘိုင်ယန်မြူးနစ်အသင်းကို  အနိုင်ရဖို့ မျှော်လင့်နေတာပါ။ အာဆင်နယ်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၂၀၁၃-၂၀၁၄ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေမှာ တွေ့ဆုံခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ်တွေနဲ့ ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up