အမေရိကန် ဘဏ္ဍာရေးဝန်ကြီးအဖြစ် စတိဗ်မနူချင်းကို အထက်လွှတ်တော် အတည်ပြု

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်က ဘဏ်လုပ်ငန်းရှင်တဦးဖြစ်တဲ့ စတိဗ် မနူချင်းကို သမ္မတ ထရမ့်အစိုးရရဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့က မဲခွဲအတည်ပြုပေးလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အထက်လွှတ်တော်မှာ မဲခွဲရာ ထောက်ခံမဲ ၅၃ မဲနဲ့ ကန့်ကွက်မဲ ၄၇ မဲ ရရှိခဲ့ပါတယ်။ ကန့်ကွက်သူအများစုဟာ ဒီမိုကရက်အမတ်တွေ ဖြစ်ပါတယ်။ ဒီမိုကရက် အမတ်တွေထဲကဆိုရင် အနောက်ဗာဂျီးနီးယားပြည်နယ် အထက်လွှတ်တော်အမတ် ဂျိုးမန်ချင်းတဦးတည်းသာ ဘဏ်လုပ်ငန်းရှင် စတိဗ် မနူချင်းကို ထောက်ခံမဲပေးခဲ့ပါတယ်။ အော်ရီဂွန်ပြည်နယ် ဒီမိုကရက် အထက်လွှတ်တော်အမတ် ရွန်ဝိုင်းဒန်းကတော့ စတိဗ်မနူချင်း OneWest ဘဏ်ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့စဉ်က ကယ်လီဖိုးနီးယားဒေသခံ ထောင်သောင်းချီပြီး အိုးအိမ်တွေကို စွန့်လွှတ်ခဲ့တယ်လို့ စွပ်စွဲပါတယ်။ ဒါပေမယ့် အထက်လွှတ်တော်အမတ် အများစုရဲ့ ထောက်ခံမဲကို ရရှိခဲ့တဲ့အတွက် The Goldman Sachs Group ကုမ္ပဏီအကြီးအကဲ ဘဏ်လုပ်ငန်းသူဌေးကြီး စတိဗ် မနူချင်းဟာ သမ္မတထရမ့်အစိုးရရဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် တရားဝင်ထမ်းဆောင်တော့မှာဖြစ်ကြောင်း ဒီကနေ့ရရှိတဲ့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up