Home
မြန်မာသတင်း
မြောက်ဦးတွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲပြီး တိုးချဲ့မြို့သစ် တည်ဆောက်မည်
အောင်ကိုကိုလတ် (နေပြည်တော်)
·
February 14, 2017
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ဟာ ရခိုင်ပြည်နယ်ရဲ့ သမိုင်းဝင် ရှေးဟောင်းယဉ်ကျေးမှုမြို့ဖြစ်ပြီး မြို့ကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဆောင်ရွက်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ “မြောက်ဦးမြို့၊ မြို့ပြဖွံ့ဖြိုးမှုဖွဲ့စည်းတည်ဆောက်မှု စနစ်အဆင့်သည် ကနဦး (Conceptual Plan) စီမံချက် အဆင့်ခွဲဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရမှ သက်ဆိုင်ရာ ဒေသအဖွဲ့တွေနဲ့ ညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက် သွားရမည့် အားနည်းချက် အားသာချက်များကို အကောင်အထည်ဖော်ပြီး ပြုပြင်သွားရမှာ ဖြစ်ပါတယ်” လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က လွှတ်တော်မှာ ဖြေကြားခဲ့တာပါ။ အဲဒီလို မြို့ပြဖွံ့ဖြိုးရေး ဖွဲ့စည်းတည်ဆောက်မှု စီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနအနေနဲ့ ၂၀၁၅ ခုနှစ် မတ်လအတွင်းက လွှတ်တော်ကိုယ်စားတွေ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ ဒေသခံ ပြည်သူတွေနဲ့ တွေ့ဆုံကာ တည်ဆောက်မှု အဆိုပြုပုံစံကို နှစ်ရှည်မျှော်မှန်း ရေးဆွဲထားပြီး နှစ်တို နှစ်ရှည် ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို ရှင်းလင်းတင်ပြပြီးဖြစ်တယ်လို့လည်း ဦးဝင်းခိုင်က ပြောပါတယ်။ မြောက်ဦးမြို့ဟာ သမိုင်းဝင်ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ရှိရာ မြို့ဖြစ်တဲ့အတွက် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေး စီမံကိန်းအဖြစ် မြို့သစ် တိုးချဲ့ ဖော်ဆောင်ရန် ရှိမရှိကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကျင်းပပြုလုပ်တဲ့ အမျိုးသားလွတ်တော်မှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၄) က လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်က မေးမြန်းခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024