ဒုသမ္မတဦးမြင့်ဆွေ ဦးဆောင်သည့် စုံစမ်းရေးကော်မရှင်အဖွဲ့ မောင်တောကို သွားရောက်
DVB
·
February 14, 2017
ဒုသမ္မတဦးမြင့်ဆွေ ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်အဖွဲ့ဟာ ဒီကနေ့ နေလယ် ၁၂ နာရီမှာ စစ်တွေမြို့လေဆိပ်ကို ရောက်ရှိခဲ့ပြီး အဲဒီကတဆင့် အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့ မောင်တောဒေသကို ထွက်ခွာသွားပါတယ်။
ဒုသမ္မတဦးမြင့်ဆွေအပါအဝင် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအောင်ကြည်၊ အငြိမ်းစာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် ဦးထွန်းမြတ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းတို့ ပါဝင်တဲ့အဖွဲ့ဟာ ဒီကနေ့ နေ့လယ်ပိုင်းမှာ တပ်မတော်ရဟတ်ယာဉ်နဲ့ မောင်တောဒေသကို ထွက်ခွာသွားတာ ဖြစ်ပါတယ်။
ဒုသမ္မတဦးမြင့်ဆွေ ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်အဖွဲ့တွေ မောင်တော ကျီးကန်ပြင်ကို သွားရောက်မှာ ဖြစ်ပြီး မောင်တောဒေသမှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကနေ ၁၆ ရက်နေ့ထိ စုံစမ်းစစ်ဆေးရေးတွေကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။
အဲဒီကနေ့တဆင့် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာတော့ ကျီးကန်ပြင်ဌာနချုပ်က ပြန်လည်ထွက်ခွာမှာဖြစ်ပြီး ကျောက်တော်၊ မြောက်ဦးနဲ့ စစ်တွေကို တပ်မတော်ရဟတ်ယာဉ် ထွက်ခွာမှာ ဖြစ်ပါတယ်။