မန်စီးတီး လူငယ်တိုက်စစ်မှူး ဂျီးဆပ် ဒဏ်ရာမပြင်းထန်ရန် ဂွါဒီယိုလာ မျှော်လင့်

ဓာတ်ပုံ - ရိုက်တာ
ဘုန်းမောက်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့တဲ့ လူငယ်တိုက်စစ်မှူး ဂျီးဆပ်ရဲ့ ဒဏ်ရာအခြေအနေ မပြင်းထန်ဖို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ မျှော်လင့်နေပါတယ်။ မန်စီးတီးအသင်းမှာ ပွဲထွက်ခွင့်ရပြီး ခြေစွမ်းပြနေတဲ့ ဘရာဇီးတိုက်စစ်မှူး ဂျီးဆပ်ဟာ ပွဲအစ ၁၄ မိနစ်မှာပဲ ခြေကျင်းဝတ်လည်သွားလို့ အဂွဲရိုးနဲ့ လူစားလဲခဲ့ရတာပါ။ ဂါဘရီယယ်ဂျီးဆပ်ရဲ့ ဒဏ်ရာကို ဒီကနေ့မှာ ထပ်ပြီး ဆေးစစ်မှာဖြစ်တယ်လို့ သိရပါတယ်။ အသက် ၁၉ နှစ်ရှိ ဂျီးဆပ်ဟာ ဘရာဇီးကလပ် ပေါလ်မီးယားယက်စ်အသင်းကနေ ဒီနှစ် ဇန်နဝါရီ အပြောင်းအရွှေ့ကမှ ရောက်ရှိလာတာဖြစ်ပေမယ့်  တိုက်စစ်မှူး အဂွဲရိုးကိုကျော်ပြီး ပုံမှန်ပွဲထွက်ကစားခွင့် ရနေတာပါ။ ဂျီးဆပ်ဟာ မန်စီးတီးအသင်းအတွက် စုစုပေါင်း ၅ ပွဲမှာ ၃ ဂိုး သွင်းယူထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up