ဘားအံတွင်ကျင်းပသည့် ကရင်အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ (သတင်းဓာတ်ပုံ)
DVB
·
February 14, 2017
ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲတွေအပေါ် ပြန်လည်သုံးသပ်ခြင်း ဒုတိယနေ့ ဆွေးနွေးပွဲ ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဒီနေ့ ပြုလုပ်ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံ) ပြန်လည် စတင်ကျင်းပတဲ့အခါ ကရင် အမျိုးသားတွေအနေနဲ့ အဆင်သင့်ဖြစ်ဖို့ အခုလို သုံးသပ်ဆွေးနွေးပွဲ ပြုလုပ်ရတာလို့ ကျင်းပရေး ကော်မတီဝင်တဦးက ပြောပါတယ်။
အခုလို သုံးသပ်အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၃ ရက်ကနေ ဒီနေ့ ၁၄ ရက်နေ့အထိ ၂ ရက်ကြာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ - စောဖိုးစီ