Home
မြန်မာသတင်း
သစ်တောစိုက်ပျိုးခွင့်ပြုမြေ ဧက ၇ သိန်းကျော်တွင် စိုက်ပျိုးမြေဧက ၂ သိန်းကျော်သာရှိ
DVB
·
February 14, 2017
  သစ်တောစိုက်ပျိုးခွင့်ပြု မြေဧက ၇ သိန်းကျော်မှာ စိုက်ပျိုးနေတဲ့ ဧက ၂ သိန်းကျော်သာ ရှိတယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြောပါတယ်။ “စိတ်ပါဝင်စားမှုမရှိတဲ့အတွက် စိုက်ခင်းပြန်အပ်တဲ့ သူတွေရှိသလို၊ မြေနေရာလက်ဦးမှုအတွက် သာရှိပြီး စိတ်ပါဝင်စားမှုမရှိတဲ့အတွက် စိုက်ခင်းမအောင်မြင်လို့ ပြန်သိမ်းတဲ့ မြေဧကတွေလည်း ရှိပါတယ်။ သစ်တောစိုက်ဧက ၇ သိန်းကျော်မှာ ပြန်သိမ်းတဲ့ မြေဧက ၅ သိန်း ၇ သောင်းကျော် ရှိပါတယ်။ တကယ်စိုက်တာက ၂ သိန်းကျော်ပဲ ရှိတယ်”လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောပါတယ်။ ဖေဖောဝါရီ ၁၄ ရက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး အဋ္ဌမနေ့မှာ လှိုင်းဘွဲ့မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို မေးမြန်းတဲ့ နိုင်ငံပိုင် သစ်တောမြေများအတွင်း ပုဂ္ဂလိကလုပ်ငန်းရှင်များအား နှစ်ရှည်ငှားရမ်းဆောင်ရွက်မှု များနှင့်ပတ်သက်၍ စိုက်ပျိုးခွင့်ပြုပြီး မြေဧကနှင့်အညီ သတ်မှတ်ကာလအတွင်း အမှန်တကယ် စိုက်ပျိုးပြီးစီးမှု ရှိ၊ မရှိ မေးခွန်းကို ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ သတင်း - အောင်ဆန်းဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024