မန္တလေးမြို့ ရွှေကျင်သာသနာပိုင် ဝါဆိုကျောင်း ဆရာတော်ဘုရားကြီး ဘဝနတ်ထံပျံတော်မူ
DVB
·
February 14, 2017
မန္တလေးမြို့ ရွှေကျင်သာသနာပိုင် ဝါဆိုကျောင်း ဆရာတော်ဘုရားကြီး အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဒဓမ္မဇောတိကဓဇ ဘဒ္ဒန္တအဂ္ဃိယသည် ဖေဖော်ဝါရီလ ၁၄ ရက် နံနက် ၁ နာရီခွဲအချိန်မှာ ဘဝနတ်ထံပျံတော်မူသွားပါတယ်။
သက်တော် ၁၀၀ နှစ်ရှိ သိက္ခာတော်၈၁ ရှိတော်မူသော စုဒ္ဒသမ ရွှေကျင်သာသနာပိုင်၊ ဆရာတော်ဘုရားကြီးရဲ့ အန္တိမဈာပန သာဓုကီဠနပူဇော်ပွဲ ကျင်းပနိုင်ရေးအတွက် အစည်းအဝေးကို ဖေဖော်ဝါရီ ၁၄ ရက်၊ အင်္ဂါနေ့ နေ့လယ် ၂ နာရီမှာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်မှာ အစည်းအဝေး ကျင်းပပြုလုပ်သွားမှာပါ။
သတင်း၊ဓာတ်ပုံ - အောင်အောင်