မန္တလေးမြို့ ရွှေကျင်သာသနာပိုင် ဝါဆိုကျောင်း ဆရာတော်ဘုရားကြီး ဘဝနတ်ထံပျံတော်မူ

မန္တလေးမြို့ ရွှေကျင်သာသနာပိုင် ဝါဆိုကျောင်း ဆရာတော်ဘုရားကြီး အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဒဓမ္မဇောတိကဓဇ ဘဒ္ဒန္တအဂ္ဃိယသည် ဖေဖော်ဝါရီလ ၁၄ ရက် နံနက် ၁ နာရီခွဲအချိန်မှာ ဘဝနတ်ထံပျံတော်မူသွားပါတယ်။ သက်တော် ၁၀၀ နှစ်ရှိ သိက္ခာတော်၈၁ ရှိတော်မူသော စုဒ္ဒသမ ရွှေကျင်သာသနာပိုင်၊ ဆရာတော်ဘုရားကြီးရဲ့ အန္တိမဈာပန သာဓုကီဠနပူဇော်ပွဲ ကျင်းပနိုင်ရေးအတွက် အစည်းအဝေးကို ဖေဖော်ဝါရီ ၁၄ ရက်၊ အင်္ဂါနေ့  နေ့လယ် ၂ နာရီမှာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်မှာ အစည်းအဝေး ကျင်းပပြုလုပ်သွားမှာပါ။ သတင်း၊ဓာတ်ပုံ - အောင်အောင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up