ရန်ကုန်ရွှေဈေးကွက်တွင်း ရွှေဈေးအမြင့်ပိုင်းတွင် ဆက်လက်ရပ်တည်
DVB
·
February 14, 2017
ရန်ကုန်ရွှေဈေးကွက်အတွင်းမှာ ရွှေဈေးဟာ ၈ သိန်း ၉ သောင်းနဲ့ အမြင့်ပိုင်းမှာ ဆက်လက်ရပ်တည်နေပါတယ်။
ဖေဖော်ဝါရီလ ၉ ရက်နေ့က အကယ်ဒမီရွှေ ၁ ကျပ်သားကို မြန်မာငွေ ၉ သိန်းအထိ ရောက်ခဲ့ပေမယ့် အခုရက်ပိုင်းမှာ ပြန်လည်ကျဆင်းလာတာပါ။ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာတော့ ကမာ့္ဘရွှေဈေးဟာ ၁ အောင်စကို ၁၂၃၃ ဒေါ်လာအထိရောက်ရှိနေပြီးတော့ အမေရိကန် ဒေါ်လာဈေးကလည်း ၁ ဒေါ်လာကို ပြင်ပမှာ မြန်မာငွေ ၁၃၆၇ ကျပ်အထိ ပေါက်ဈေးရှိနေပါတယ်။
ဒေါ်လာဈေးနဲ့ ကမာ့္ဘရွှေဈေးတက်ရင် ပြည်တွင်းရွှေဈေးပါ လိုက်ပါဈေးတက်နေတာလို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
လတ်တလောမှာတော့ ပြည်တွင်းမှာ ရွှေဈေးရော ဒေါ်လာကိုပါ ဈေးကစားတာမျိုး မရှိပေမယ့် မြန်မာကျပ်ငွေတန်ဖိုး ခိုင်မာမှုမရှိတာကြောင့် နိုင်ငံတကာက ဒေါ်လာဈေးတက်တဲ့အခါမှာ ပြည်တွင်းဈေးကွက်ကို သက်ရောက်မှုရှိနေတာ ဖြစ်ပါတယ်။