ရန်ကုန်ရွှေဈေးကွက်တွင်း ရွှေဈေးအမြင့်ပိုင်းတွင် ဆက်လက်ရပ်တည်

  ရန်ကုန်ရွှေဈေးကွက်အတွင်းမှာ ရွှေဈေးဟာ ၈ သိန်း ၉ သောင်းနဲ့ အမြင့်ပိုင်းမှာ ဆက်လက်ရပ်တည်နေပါတယ်။ ဖေဖော်ဝါရီလ ၉ ရက်နေ့က အကယ်ဒမီရွှေ ၁ ကျပ်သားကို မြန်မာငွေ ၉ သိန်းအထိ ရောက်ခဲ့ပေမယ့် အခုရက်ပိုင်းမှာ ပြန်လည်ကျဆင်းလာတာပါ။ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာတော့ ကမာ့္ဘရွှေဈေးဟာ ၁ အောင်စကို ၁၂၃၃ ဒေါ်လာအထိရောက်ရှိနေပြီးတော့ အမေရိကန် ဒေါ်လာဈေးကလည်း ၁ ဒေါ်လာကို ပြင်ပမှာ မြန်မာငွေ ၁၃၆၇ ကျပ်အထိ ပေါက်ဈေးရှိနေပါတယ်။ ဒေါ်လာဈေးနဲ့ ကမာ့္ဘရွှေဈေးတက်ရင် ပြည်တွင်းရွှေဈေးပါ လိုက်ပါဈေးတက်နေတာလို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။ လတ်တလောမှာတော့ ပြည်တွင်းမှာ ရွှေဈေးရော ဒေါ်လာကိုပါ ဈေးကစားတာမျိုး မရှိပေမယ့် မြန်မာကျပ်ငွေတန်ဖိုး ခိုင်မာမှုမရှိတာကြောင့် နိုင်ငံတကာက ဒေါ်လာဈေးတက်တဲ့အခါမှာ ပြည်တွင်းဈေးကွက်ကို သက်ရောက်မှုရှိနေတာ ဖြစ်ပါတယ်။

Tags
ရွှေ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up