ထိုင်ဝမ် ကမ္ဘာလှည့်ခရီးသည်တင်ကား တိမ်းမှောက်၊ အနည်းဆုံး ၃၂ ဦးသေဆုံး (ရုပ်သံ)

ထိုင်ဝမ်မြောက်ပိုင်း၊ တိုင်ပေမြို့အနီးမှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကမ္ဘာလှည့်ခရီးသည်တင်ကားတစီး တိမ်းမှောက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၃၂ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ ဆေးရုံကို ပို့ဆောင်ထားခဲ့ရပြီး အဲဒီကားပေါ်မှာ တရုတ်ပြည်မကြီးမှ ခရီးသွားဧည့်သည် တဦးမှမပါဝင်ဘူးလို့ စီဂျီတီအဲန်သတင်းမှာ ဖော်ပြပါတယ်။ ကားပေါ်မှာတော့ စုစုပေါင်းလူဦးရေ ၄၅ ဦးပါဝင်ပြီး ညပိုင်း ၉ နာရီလောက်မှာ ထိုင်ဝမ်အနောက်အလယ်ပိုင်း တိုင်ချွန်းမြို့၊ ဝူလင်တောင်ယာဥယျာဉ်ကနေ လည်ပတ်ပြီး အပြန်မှာ ခုလိုဖြစ်ခဲ့တာပါ။ လက်ရှိမှာတော့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေကြပြီး ဒါဟာ အရှိန်လွန်မောင်းနှင်မှုကြောင့် ဖြစ်နိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up