ဗိုလ်ချုပ်မွေးနေ့တွင် ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းက ပဲနို့အဟာရတိုက်ကျွေး

  ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းက သာကေတမြို့နယ် အခြေခံမူလတန်းကျောင်းသား ၃၀၀၀ ကျော်ကို ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၂ နှစ်ပြည့် မွေးနေ့နဲ့ ကလေးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပဲနို့အဟာရတိုက်ကျွေးခဲ့ပါတယ်။ ပဲနို့အဟာရတိုက်ကျွေးတာအပြင် ကလေးတွေအတွက် ကျောင်းအသုံးအဆောင် စားစရာတွေ စတဲ့ ကလေးပစ္စည်းတွေကိုလည်း အလှူ ရှင်တွေက လာရောက်လှူ ဒါန်းခဲ့ပါတယ်။ ပဲနို့တိုက်ကျွေးမှုကိုတော့ ဒီနေ့မှစပြီး တိုင်းနဲ့ပြည်နယ်အသီးသီမှာရှိတဲ့ အခြေခံမူလတန်း ကျောင်းသား တွေကို ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းနဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဲ့ပူးပေါင်းပြီး ပဲနို့အဟာရဆက်လက်တိုက်ကျွေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနေ့မှစပြီး ကျောင်းသားတွေကို နေ့စဉ် သာကေတမြို့်နယ် ရှူခင်းသာလမ်းမကြီး မြေကွက်အမှတ် ၁၃ မှာ ညနေ ၄ နာရီတိုင်းကို ပဲနို့အဟာရတိုက်ကျွေးသွားမှာဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - ဟေမာဝင်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up