၁၀၂ နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ဖွင့်လှစ်ထား (ဓာတ်ပုံ)

ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်းမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့  ၁၀၂ နစ်မြောက်မွေးနေ့မှာ ဖွင့်လှစ်ထားပါတယ်။ ပြတိုက်ကို ပုံမှန်အားဖြင့်ဆိုရင် တနင်္လာနေ့နဲ့ ပြန်တမ်းဝင်ရုံးပိတ်ရက်တွေမှာ ပိတ်လေ့ရှိပေမယ့် ဒီနေ့ ဗိုလ်ချုပ်မွေးနေ့မှာတော့ မနက် ၉ နာရီကနေ ညနေ ၄ နာရီခွဲထိ ပြည်သူတွေ လာရောက်လေ့လာနိုင်အောင် ဖွင့်လှစ်ပေးထားကြောင်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up