သောင်တင်သေဆုံးခဲ့သည့် ဝေလငါးအကောင် ၃၀၀ ခန့်ကို နယူးဇီလန် အာဏာပိုင်များ ရှင်းလင်း (ရုပ်သံ)

ပြီးခဲ့တဲ့တပတ်က နယူးဇီလန်ကျွန်း မြောက်ဘက်အစွန်မှာ သောင်တင်သေဆုံးခဲ့ကြတဲ့ ဝေလငါး အကောာင် ၃၀၀ လောက်ကို အာဏာပိုင်တွေ ဒီကနေ့ ရှင်းလင်းနေကြပြီး ကမ်းခြေကိုလည်း ပိတ်ထားလိုက်ပါတယ်။ Farewell ကျွန်းဆွယ် သဲသောင်ခုံမှာ ကျင်းတူးပြီး ဝေလငါးအသေကောင်တွေကို မြှုပ်နှံကြမှာ ဖြစ်ပါတယ်။ ဝေလငါး အသေကောင်တွေ ပုပ်ပွပြီး အနံ့အသက်တွေ မထွက်အောင်  သဘာဝတိရစ္ဆာန်ထိန်းသိမ်းရေး စေတနာ့ဝန်ထမ်းတွေက ဒီနေ့မှာ အသေကောင်တွေကို ဖောက်ထုတ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့က ဝေလငါးအကောင် ၃၀၀ လောက် သောင်တင်သေဆုံးခဲ့မှုဟာ နယူးဇီလန်နိုင်ငံမှာ အရေအတွက် အများဆုံးလို့ ဆိုပါတယ်။ "တွေ့ရမြင်ရတာတော့ တော်တော်မကောင်းပါဘူး။ ကမ်းခြေတလျှောက် ဝေလငါးအသေကောင်တွေကို မျက်စိတဆုံး မြင်ရမှာပါ။ အကောင်သေးသေးတွေရော၊ အကောင်ကြီးကြီးတွေရော၊ အစုလိုက်အပြုံလိုက်ပါပဲ" လို့ တိရစ္ဆာန်ထိန်းသိမ်းရေး ဝန်ထမ်းတဦးက ပြောပါတယ်။ ဘာကြောင့် ဒီဝေလငါးအကောင် ၄၀၀ ကျော် သောင်တင်သေဆုံးရတယ်ဆိုတာ ဘယ်သူမှ ရှင်းရှင်းလင်းလင်း မသိကြသေးပါဘူး။ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာပဲ နောက်ထပ် အကောင် ၂၀၀ ကျော် သောင်တင်ခဲ့ကြပါသေးတယ်။ အကောင် ၂၀၀ လောက်ကတော့ ဒီရေအတက်မှာ ပင်လယ်ထဲ ပြန်ဆင်းသွားနိုင်ခဲ့ကြပေမယ့် ဒီဝေလငါးအုပ်တွေ ရေတိမ်မှာ နီးနီးကပ်ကပ် ရှိနေသေးပြီး နောက်တခါ သောင်တင်လာနိုင်သေးတယ်လို့ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး အာဏာပိုင်တွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up