Home
မြန်မာသတင်း
၁၀၂ နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့အထိမ်းမှတ်အဖြစ် မုံရွာမြို့တွင် ပဲပြုတ်နံပြားဝေ
DVB
·
February 13, 2017
၁၀၂ နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့အထိမ်းမှတ်အဖြစ် မုံရွာမြို့လူမှုအသင်းဖွဲ့တွေက ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက်က ပဲပြုတ်နဲ့ နံပြားဝေငှခဲ့ပါတယ်။ ပဲပြုတ်နဲ့ နံပြားကို မုံရွာမြို့ ကျောက္ကလမ်းမဘေးရှိ မဟာဇောတိကရာမ ကျောင်းတိုက်ရှေ့မှာ မြို့ခံပြည်သူတွေကို ယခုလို ဝေငှခဲ့တာပါ။ "အရင်နှစ်ထက် များများပိုလုပ်ရတယ်။ ဒါတောင်မလောက်ဘူး။ ကျနော်တို့ အနေနဲ့ ဗိုလ်ချုပ် ကြိုက်တတ်တဲ့ အစားစာကို အခုလို မွေးနေ့ရက်တွေမှာ ဘာ့ကြောင့်ဝေငှရလဲဆိုတော့ ဗိုလ်ချုပ် တယောက်ဖြစ်ပြီး သူ့ရဲ့ဟန်ဆောင်မှုကင်းမဲ့တဲ့ ရိုးသားတဲ့ စိတ်နေစိတ်ထားကို ဂုဏ်ပြုပေးတာပါ" လို့ ပဲပြုပ်နဲ့ နံပြားဝေငှတဲ့အဖွဲ့မှာ ပါဝင်သူ ကိုမျိုးက ပြောပါတယ်။ အဆိုပါမနက်ခင်းမှာ ပဲပြုတ်နံပြားအခုရေ ၂၈၀၀ ခုကို မြို့ခံတွေအား ဝေငှရာမှာ အားလုံးကုန်ဆုံး သွားခဲ့တယ်လို့ သိရပါတယ်။ မုံရွာမြို့မှာ ပဲပြုတ်နံပြားကို အခုလိုဝေငှတာ ၆ နှစ်တိုင်တိုင် ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ အခုရေပိုပြီး ပြုလုပ်ခဲ့ရကြောင်းလည်း သိရပါတယ်။ သတင်း - ရန်နိုင်စိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024